Guest. It's 11:57 PM - Myanmar time. Register or Login | Download Myanmar Font 
 
  
ဟူစတန်ပြည်နယ် ကရိန်းကျိုးကျမှုဖြစ်ရပ်အား စုံစမ်းမှုစတင်ပြုလုပ်
Posted on Jul 22 08 - 04:49 PM | Hits : 313 | Save as PDF

ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်(သောကြာနေ့)၌ ဖြစ်ပွားခဲ့သော အလုပ်သမား (၄) ဦးသေဆုံးပြီး အခြား (၇) ဦးထိခိုက်ဒဏ်ရာရခဲ့သည့် အမေရိကန်နိုင်ငံ ဟူစတန်ပြည်နယ်ရှိ ကရိန်းကျိုးကျမှုအား စုံစမ်းမှုများစတင်ပြုလုပ်နေပြီဖြစ်ကြောင်း ပြည်နယ်အရာရှိများက သတင်းထုတ်ပြန်ခဲ့သည်။ ကျိုးကျခဲ့သည်မှာ အမေရိကန်နိုင်ငံ၏ အကြီးမားဆုံး အဝေးထိန်းစနစ်သုံး ကရိန်းကြီးတစ်ခုဖြစ်ပြီး ဟူစတန်တောင်ပိုင်း လွိုင်ဒယ်လ်ဘာဆယ်လ် ရေနံတူးဖော်ရေး လုပ်ငန်းခွင်တွင် တပ်ဆင်ထားသည်။ အထပ် (၃၀) မြင့်ပြီး အလေးချိန် ကီလိုဂရမ် ငါးသိန်းကို မတင်၍သယ်ယူနိုင်သော အဆိုပါကရိန်းကြီးမှာ သောကြာနေ့က ကျိုးကျခဲ့ခြင်းဖြစ်သည်။ ယခုအခါ ထိုမတော်တဆထိခိုက်မှုဖြစ်စဉ်နှင့် စပ်လျဉ်းပြီး စုံစမ်းမှုများ စတင်နေပြီဖြစ်သော်လည်း မည်သည့်အကြောင်းကြောင့် ကရိန်းကျိုးကျသည်ကို အတည်ပြုနိုင်ရန် စောလွန်းနေသေးကြောင်း အာဏာပိုင်များက ဆိုသည်။ ထိုကရိန်းကြီးအား တာဝန်ယူဆောက်လုပ်ပေးခဲ့သော Deep South Crane & Ragging ဆောက်လုပ်ရေး ကုမ္ပဏီက ၄င်းတို့အနေဖြင့် ဟူစတန်ပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံသူများနှင့် လူသေဆုံးသည်ထိ ဆိုးရွားခဲ့သော မတော်တဆမှုအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထိုကရိန်းကြီးမှာ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေစဉ်မှာပင်ကျိုးကျခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ကရိန်းကျိုးကျခဲ့သော အဓိကအကြောင်းအရင်းကို သိရှိနိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကြေငြာခဲ့သည်။

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.