Guest. It's 11:25 PM - Myanmar time. Register or Login | Download Myanmar Font 
 
  
သားနှစ်ယောက်အုပ်ထိန်းခွင့်ဆုံးရှုံးခဲ့ရပေမယ့် ပျော်ရွှင်နေဆဲ ဘရစ်တနီ
Posted on Jul 23 08 - 09:20 AM | Hits : 895 | Save as PDF

အမေရိကန် နာမည်ကြီး ပေါ့ပ်ဂီတ အဆိုတော် ဘရစ်တနီစပီးယားစ်သည် သားနှစ်ယောက်အုပ်ထိန်းခွင့်အမှုတွင် ရှုံးနိမ့်ခဲ့သော်လည်း စိတ်ဓာတ်ကျဆင်းခဲ့ပုံမရချေ။ ခင်ပွန်းဟောင်း ကီဗင် ဖီဒါလိုင်းနှင့် သားနှစ်ဦးအား အုပ်ထိန်းခွင့်အတွက် အပြိုင်အဆိုင်အရေးဆိုမှုတွင် ရှုံးနိမ့်ခဲ့ပြီး တစ်ရက်အကြာ လော့စ်အိန်ဂျလိစ်မြို့ လမ်းမများပေါ်တွင် လှည့်လည် လည်ပတ်နေသော ဘရစ်နီအားတွေ့မြင်ကြရမည်။ မျက်မြင်များ၏အဆိုအရ ဘရစ်တနီအနေဖြင့် ယခင်အခါများကထက်ပင် ရွှင်ရွှင်လန်းလန်းရှိနေသည်ဟုသိရသည်။ ဂျင်ကာရေးနှင့် ၄င်း၏ချစ်သူ ဂျင်နီမက္ကသီတို့ ဘရန်းဝုဒ်အရပ်ရှိ နေအိမ်တွင်ကျင်းပသော Generation Rescue Autism ရန်ပုံငွေပွဲသို့ အသက် (၂၆) နှစ်အရွယ် ဘရစ်တနီအနေဖြင့် အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည်။ လည်ပင်းတွင် ကြိုးသိုင်းထားသော အနက်ရောင်ကိုယ်ကျပ် ပွဲတက်ဝတ်စုံကို ဒေါက်ဖိနပ်အမြင့်ဖြင့် တွဲဖက်ဝတ်ဆင်ထားသော ဘရစ်တနီမှာ ပရိသတ်များအကြားတွင် ထင်ရှားနေခဲ့သည်။ ရန်ပုံငွေပွဲသို့တက်ရောက်ခဲ့သူတစ်ဦးက ဘရစ်တနီ အနေဖြင့် ပျော်ရွှင်နေပုံရကြောင်း၊ သူမသည် ပွဲတစ်လျှောက်လုံး ပြုံးရယ်လျက်ရှိကြောင်း ပြောကြားသွားသည်။ ယခုအချိန်တွင် ဘရစ်တနီအနေဖြင့် သူမ၏ ဆဌမမြောက် တစ်ကိုယ်တော် Album ထွက်ရှိရန်ကြိုးပမ်းနေကြောင်း သတင်းများကဖော်ပြလျက်ရှိသည်။

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.