ကစ်ကစ်ရဲ့ ပရိသတ်ကြီးအားလုံး မင်္ဂလာပါရှင်-
ကစ်ကစ်လေ ခုနောက်ပိုင်း ကြော်ငြာတွေအများကြီးရိုက်ထား တယ်။ စောင့်ကြည့်နေနော်...။ Rain Shampoo ကြော်ငြာလေး လည်း ကိုနေတိုးနဲ့ တွဲရိုက်ထား တယ်။ အခုဆိုရင် တီဗီမှာလွှင့် နေပြီ။ ကစ်ကစ်လှလားဟင်...။ ပရိသတ်ကြီးကိုတော့ စောင့်ကြည့်ဖို့ ပြောပေမယ့် ကစ်ကစ်ရဲ့ကြော်ငြာ တွေကို ပြန်ကြည့်ရင် ရှက်သလို တော့ခံစားရတယ်။ ဒါပေမယ့် အ ကောင်းဆုံးကြိုးစားပြီး သရုပ်ဆောင် ထားတယ်။ ဒီတစ်ပတ်မှာတော့ ကစ်ကစ်အလုပ်တွေရှုပ်နေတယ်။ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံတွေ ရိုက်ပေးရမယ်။ ဘီလ်ဘုတ်ကြော် ငြာအတွက်နဲ့ပြက္ခဒိန်တွေ အ တွက်လည်း ရိုက်ပေးရဦးမယ်။ ပြီးတော့ မင်းသားမိုးအောင်ရင် နဲ့တွဲပြီး သကြားလုံးကြော်ငြာတစ်ခု ရိုက်စရာရှိတယ်။ ၂၁ ရက်ကနေ ၂၆ ရက်အထိ တစ်ရက်လေးမှကို နားရက်မရှိပါဘူးရှင်။
ကစ်ကစ်ကလေ ကြော်ငြာတွေ ပြက္ခဒိန်တွေအတွက် သရုပ်ဆောင် လုပ်ပေမယ့် အခုထိတော့ ဇာတ် ကားရိုက်ဖို့ စိတ်ကူးမရှိသေးဘူး။ ကြော်ငြာတွေအတွက် သရုပ်ဆောင် လုပ်ဖြစ်သွားတာကတော့.... လွန်ခဲ့တဲ့ သုံးနှစ်လောက်က Kanebo နဲ့ ကြော်ငြာရိုက်ရင်းနဲ့ စဖြစ်သွားတာလေ...
အလုပ်တွေဘယ်လောက်ပဲ ရှုပ်ရှုပ် အားလပ်ချိန်လေးမှာတော့ ဆွေမျိုးတွေစုပြီး အဒေါ်တစ်ယောက် ယောက်ရဲ့အိမ်မှာ မုန့်စားဖြစ်တယ် လေ။ ဒါက အားလပ်ချိန်တိုင်း လုပ်ဖြစ်တာပေါ့။ အမေနဲ့ အဒေါ် တွေက စားစရာတစ်ခုပြီးတစ်ခုစီစဉ် နေရင်း ကစ်ကစ်ကစာအုပ်လေး ဖတ်ပြီး စားဖို့စောင့်ရတယ်။ ဒီတစ် ပတ်မှာလည်း အဒေါ်တစ်ယောက် ယောက်ရဲ့ အိမ်မှာရောက်နေမယ်။ အင်တာနက်လည်းသုံးဖြစ်ပါ တယ်။ ပြည်ပက သူငယ်ချင်းတွေ ဆီကို အီးမေးလ်ပြန်စရာရှိလို့ပါ။
Shopping အတွက်ကတော့ မပူပါနဲ့။ သိပ်သွားဖြစ်တာပေါ့။ ပြည်ပက ဒီဇိုင်းမျိုးစုံ ၀ယ်လာပေ မယ့်၊ ဒီမှာဘာဒီဇိုင်းတွေရောက်နေ လည်းဆိုတာသိရဖို့ သူငယ်ချင်း တွေနဲ့ စုပြီးသွားဖြစ်တယ်။ ဒီတစ် ပတ်မှာလည်း ဒဂုံစင်တာကိုတော့ သွားဖြစ်ဦးမှာပါ.... ကဲ ဒါက တော့ ကစ်ကစ်ရဲ့တစ်ပတ် အတွင်း လုပ်စရာလေးတွေပါပဲရှင်။