Guest. It's 11:57 PM - Myanmar time. Register or Login | Download Myanmar Font 
 
  
ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတဲ့ Bat Man
Posted on Jul 23 08 - 01:56 PM | Hits : 989 | Save as PDF

Bat Man – The Dark Knight ရုပ်ရှင်ဇာတ်ကားသည် အထွတ်အထိပ် အောင်မြင်မှုများ ရရှိနေသော်လည်း အဓိက ဇာတ်ဆောင်မင်းသား ခရစ်စတီယန်ဘေးလ်အနေဖြင့် ပျော်ရွှင်ယစ်မူးမနေနိုင်ပေ။ အသက်(၃၄)နှစ် အရွယ်ဘေးလ်အား မိခင်နှင့် အစ်မဖြစ်သူကို အကြမ်းဖက်တိုက်ခိုက်ခဲ့မှုဖြင့် စွဲချက်တင်ထားကြောင်း ဗြိတိန်ရဲတပ်ဖွဲ့မှ ထုတ်ဖော်ပြောကြားသွားသည်။ ဝေလနယ်ဖွား မင်းသားဘေးလ်မှာ အိမ်ထောင်ရေးအဆင်မပြေမှုများ၊ အရင်းနှီးဆုံးသူငယ်ချင်း Bat Man ဇာတ်ကားတွင် ဗီလိန်ဂျိုကာအဖြစ် သရုပ်ဆောင်သူ မင်းသား ဟိသ်လက်ဂျာသေဆုံးခဲ့မှုများကြောင့် အလွန်အမင်း စိတ်ဖိစီးမှုဒဏ် ခံစားနေရသည်။ မင်းသားဘေးလ်အား လန်ဒန်မြို့ ဒေါ်ချက်စတာ ဟိုတယ်တွင် မိခင်ဖြစ်သူ (၆၁) နှစ်အရွယ် ဂျယ်နီနှင့် အစ်မဖြစ်သူ အသက် (၄၀) အရွယ် ရှာရွန်တို့အား တွန်းထိုးရိုက်နှက်ခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဒဏ်ငွေရိုက်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့မှ အတည်ပြုခဲ့သည်။ ဘေးလ်နှင့် နီးစပ်သောအသိုင်းအ၀ိုင်းကမူ မင်းသားမှာ ယခင်နာမည်ကြီး မော်ဒယ်လ်နှင့် မိတ်ကပ်ပညာရှင် ဆီဘီဘလာဇစ်နှင့်လက်ထပ်ထားသော အိမ်ထောင်ရေးမှာ အခက်အခဲများစွာကြုံ၍ အဆုံးသတ်သွားပြီးနောက် ဘေးလ်၌ ယခုကဲ့သို့ အကြမ်းဖက်သော အပြုအမူမျိုး ပေါ်ပေါက်လာကြောင်း ဝေဖန်ခဲ့သည်။ အချို့ရင်းနှီးသူများကလည်း ဘေးလ်၏အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ ဟိသ်လက်ဂျာ တစ်ယောက် မူးယစ်ဆေးအလွန်အကျွံသုံးစွဲမှုဖြင့် သေဆုံးခဲ့မှုက ဘေးလ်အား သွေးပျက်ကြောက်ရွံ့စေခဲ့သည်ဟု ဆိုသည်။ ဘေးလ်အနေနှင့်လည်း ယခုကဲ့သို့ Bat Man – The Dark Knight ဇာတ်ကားလျှမ်းလျှမ်းတောက် အောင်မြင်နေသည့်အချိန်ကို လက်ဂျာအနေဖြင့် ကြုံတွေ့ခံစားမသွားရရှာသည်ကို စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။ ဘေးလ်၏ရှေ့နေဖြစ်သူကမူ ဘေးလ်၏ အကြမ်းဖက်မှုသတင်းအား ငြင်းဆိုသွားခဲ့သော်လည်း ဘေးလ်မှာ လန်ဒန်ရှိရဲစခန်းတစ်ခု၌ သူ့အားမှားယွင်းစွပ်စွဲမှုကို သွားရောက်ဖြေရှင်းခဲ့ရသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.