Guest. It's 11:39 PM - Myanmar time. Register or Login | Download Myanmar Font 
 
  
ဂျပန်နိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်
Posted on Jul 23 08 - 02:35 PM | Hits : 534 | Save as PDF

ဇူလိုင်လ (၂၁) ရက်နေ့ ဂျပန်နိုင်ငံပြင်ပ ပင်လယ်ကြမ်းပြင်ကို ဗဟိုပြု၍ ပြင်းအား ရစ်ခ်ျတာစကေး (၆.၁) အဆင့် ငလျင်တစ်ခုလှုပ်ရှားသွားခဲ့ကြောင်း သိရှိရသည်။ ဒေသစံတော်ချိန် ည (၈း၃၀) မိနစ်က ဟွန်းရှူးကျွန်းအရှေ့ဘက် ကမ်းခြေပြင်ပ သမုဒ္ဒရာအနက် မိုင် (၂၀) ခန့်ရှိ ပင်လယ်ကြမ်းပြင်တွင် အင်အားကြီးမားသောငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း၊ သို့သော် ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီးများ ပေါ်ပေါက်လာမည့် အန္တရာယ်မရှိကြောင်း အမေရိကန် အမျိုးသား ဘူမိဗေဒအဖွဲ့ချုပ်က ထုတ်ပြန်ကြေငြာခဲ့သည်။



(ဂျပန်နိုင်ငံမြောက်ပိုင်း၌ ငလျင်ဒဏ်ကြောင့် လဲပြိုသွားသော အုတ်ဂူအမှတ်အသားများ)


ဂျပန်နိုင်ငံ ငလျင်တိုင်းတာရေး အေဂျင်စီကလည်း ငလျင်သတင်းကိုထုတ်ပြန်ပေးခဲ့သော်လည်း ငလျင်ကြောင့် ပျက်စီးမှု ပမာဏကိုမူ မဖော်ပြခဲ့ချေ။ ငလျင်ဗဟိုပြုရာနေရာသည် တိုကျိုမြို့တော်မှ မိုင် (၂၇၀) အကွာတွင်ဖြစ်သည်။ ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ငလျင်ဒဏ်အများဆု့းခံရသော နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ပေါ်ပေါက်ခဲ့သော အဓိကငလျင်ကြီးများအားလုံး၏ (၂၀) ရာခိုင်နှုန်းခန့်မှာ ဂျပန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Page: 1
Unknown
Ooh so bad! really really bad for this. I'm sorry.
commented by : whitegold | posted date : 27/07/2008

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.