Guest. It's 11:25 PM - Myanmar time. Register or Login | Download Myanmar Font 
 
  
တက္ကဆက်ကမ်းခြေသို့ ဒေါ်လီအမည်ရှိဟာရီကိန်းမုန်တိုင်း ဦးတည်တိုက်ခတ်
Posted on Jul 23 08 - 04:22 PM | Hits : 442 | Save as PDF

အပူပိုင်းမုန်တိုင်းငယ်တစ်ခုအဖြစ်စတင်ပေါ်ပေါက်လာခဲ့သော ဒေါ်လီမုန်တိုင်းသည် ဟာရီကိန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာပြီး အမေရိကန်နိုင်ငံ တက္ကဆက်ကမ်းခြေကို ဦးတည်လာနေကြောင်း အမေရိကန် အမျိုးသား မိုးလေ၀သခန့်မှန်းမှု ဗဟိုအဖွဲ့ချုပ်မှ အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။ Category အဆင့် (၁) အဖြစ်သတ်မှတ်ခံထားရသော ဒေါ်လီဟာရီကိန်းသည် အမေရိကန်၊ မက္ကစီကို နယ်စပ်ဒေသသို့ တစ်နာရီလျင် (၇၅) မိုင် ကျော်နှုန်းဖြင့်တိုက်ခတ်နိုင်ဖွယ်ရှိပြီး ယခုအခါတွင် ထိုဒေသအနီးရှိ မက္ကစီကိုနိုင်ငံသား ထောင်ပေါင်းများစွာတို့အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီးဖြစ်သည်။ ယခုအခါတွင် မုန်တိုင်းကြီးသည် အနောက်မြောက်ဘက်သို့ တစ်နာရီလျင် (၁၀) မိုင် နှုန်းဖြင့် ရွေ့လျားလျက်ရှိသည်။ အမေရိကန် သုတေသနပညာရှင်က မက္ကစီကိုမြောက်ပိုင်းနှင့် တက္ကဆက်ပြည်နယ် တောင်ပိုင်းဒေသသို့  ဇူလိုင် ၂၃ ရက်(ဗုဒ္ဓဟူးနေ့) နံနက်စောစောပိုင်းအချိန်တွင် ဗဟိုပြုတိုက်ခတ်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။



မုန်တိုင်းကုန်းတွင်းဝင်ရောက်ချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင်း ရေလျှံမှု၊ မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်သည်ကို အာဏာပိုင်များက စိုးရိမ်လျက်ရှိသည်။ မက္ကစီကို အစိုးရကထိုဒေသရှိ မက္ကစီကန်ဒေသခံ (၂၃၀၀၀) ကျော်ကို ရွှေ့ပြောင်းပေးခဲ့ကြောင်း အတည်ပြုခဲ့သလို တက္ကဆက်ရှိဆိပ်ကမ်းများတွင် တပ်စွဲထားသော အမေရိကန်ရေတပ်မတော်များမှ လေယာဉ်ပျံအစီး (၁၀၀) ကျော်ကို လေကြောင်းလွတ်ရာ ကုန်းတွင်းဒေသများသို့ ရွှေ့ပြောင်းထားပြီးဖြစ်သည်။ အမေရိကန်နိုင်ငံအတွင်းဟာရီကိန်းမုန်တိုင်း၏ တိုက်ခတ်မှုကို ခံစားရမည့် မြောက်ကာရိုလိုင်းနားပြည်နယ်မှ တောင်ပိုင်းကမ်းခြေထိ လူ (၃၅) သန်းခန့်နေထိုင်ကြောင်း သိရသည်။

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.