Forbes မဂ္ဂဇင်းစစ်တမ်းများအရ ဟောလိဝုဒ်မှ အက်ရှင်မင်းသား ၀ီလ်စမစ်သ်သည် မင်းသားများအနက် ၀င်ငွေအကောင်းဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ယမန်နှစ်အတွင်း ဟောလီးဝုဒ်နာမည်ကျော်များ၏ ၀င်ငွေစာရင်းကို စနစ်တကျကောက်ခံခဲ့ရာ ၀ီလ်စမစ်သ်မှာ ဒေါ်လာသန်း (၄၀) ဖြင့် ဂျော်နီဒပ်ကို ကျော်ကာ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ Forbes မဂ္ဂဇင်း၏ စာရင်းများအရ အသက် (၃၉) နှစ်အရွယ်မင်းသားသည် ဒုတိယနေရာမှ ဂျော်နီဒပ်ထက် ၀င်ငွေ ဒေါ်လာ ( ၄) သန်း အသာရခဲ့သည်။ မင်းသမီးများထဲတွင်မူ ကင်မရွန်းဒေ့ဇ်က ဒေါ်လာ (၂၅) သန်းနှင့် ထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့သလို နာမည်ကျော် မင်းသမီးချော ကီယာနိုက်တလေက ၀င်ငွေ ဒေါ်လာ (၁၆) သန်းဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ လူငယ်ဆယ်ကျော်သက်သရုပ်ဆောင်များထဲတွင် နာမည်ကျော် ဟယ်ရီပေါ့တား သရုပ်ဆောင် အသက် (၁၉) နှစ်အရွယ် ဒယ်နီယယ် ရက်ကလစ်ဖ်နှင့် မာလီ ဆိုင်းယက်စ်တို့မှာ ဒေါ်လာ (၁၂.၅) သန်းစီနှင့် ထိပ်ဆုံးနေရာတွင်ရှိနေသည်။ Forbes မဂ္ဂဇင်းမှ ကောက်ခံထားသော ဟောလီးဝုဒ်နာမည်ကျော်တို့၏ ၀င်ငွေစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။


မင်းသားများ ၀င်ငွေ (စတာလင်ပေါင်)
၁။ ၀ီလ်စမစ်သ် (၄၀) သန်း
၂။ ဂျော်နီဒပ် (၃၆) သန်း
၃။ အက်ဒီမာဖီ (၂၇.၅) သန်း
၎။ မိုက်မာရေးစ် (၂၇.၅) သန်း
၅။ လီယိုနာဒိုဒီကာပရီယို (၂၂.၅) သန်း
၆။ ဘရုစ်ဝီလီစ် (၂၀.၅) သန်း
၇။ ဘန်စတီလာ (၂၀) သန်း
၈။ နီကိုလက်စ်ကေ့ခ်ျ (၁၉.၅) သန်း
၉။ ၀ီလ်ဖာရဲလ် (၁၅.၅) သန်း
၁၀။အဒမ်ဆန်ဒလာ (၁၅) သန်း



မင်းသမီးများ ၀င်ငွေ (ဒေါ်လာ)
၁။ ကင်မရွန်းဒီယက်ဇ် (၂၅) သန်း
၂။ ကီယာနိုက်တလေ (၁၆) သန်း
၃။ ဂျင်နီဖာအင်နစ်စတန် (၁၃.၅) သန်း
၎။ ရီးစ်ဝစ်သာစပွန်း (၁၂.၅) သန်း
၅။ ဂွင်းနက်ပက်ထရို (၁၂.၅) သန်း
၆။ ဂျိုဒီဖော်စတာ (၁၁.၅) သန်း
၇။ ဆာရာဂျက်ဆီကာပါကား (၉) သန်း
၈။ မာရယ်လ်စတရိပ် (၈) သန်း
၉။ အေမီအဒမ်စ် (၇.၂၅) သန်း
၁၀။အင်ဂျလီနာဂျိုလီ (၇) သန်း


ဆယ်ကျော်သက်သရုပ်ဆောင်များ ၀င်ငွေ (ဒေါ်လာ)
၁။ ဒယ်နီယယ်ရက်ကလစ်ဖ် (၁၂.၅) သန်း
၂။ မာလီဆိုင်းယက်စ် (၁၂.၅) သန်း
၃။ အက်ရှ်လေအော်လ်ဆန် (၁၀) သန်း
၎။ လင်းဆေးလိုဟန် (၃) သန်း
၅။ ဒါကိုတာဖန်နင် (၂) သန်း
၆။ အမန်ဒါဘိုင်းနက်စ် (၁.၇၅) သန်း
၇။ ဟေဒန်ပနက်တိုင်ရီ (၁) သန်း
၈။ ဗနက်ဆာဟတ်ဒ်ဂင်စ် (၁) သန်း
၉။ အာဘီဂေးလ်ဘရက်စ်လင် (၀.၅) သန်း
၁၀။ဂျိုဂျိုလီးဗက်စ် (၀.၅) သန်း