Guest. It's 02:27 AM - Myanmar time. Register or Login | Download Myanmar Font 
 
  
ခင်ခင်ခဒါရိုက်တာမလုပ်တော့ သြစတြေးလျသို့ပြန်မည်
Posted on Jul 24 08 - 01:06 PM | Hits : 2511 | Save as PDF

လာမည့်နိုဝင်ဘာ ၄ ရက်မှစ၍ အနုပညာလုပ်ငန်းများအား အဆုံး သတ်ပြီး သာသနာ့ဘောင်သို့ဝင် ရောက်တော့မည့် အကယ်ဒမီ ကျော်ဟိန်း၏သားနှင့်သမီးဖြစ်ကြ သော ခင်ခင်ခနှင့် နေ၀င်းတို့သည် မကြာမီ ၎င်းင်းတို့ ပညာသင်ကြားခဲ့ သည့် သြစတြေးလျနိုင်ငံသို့ ပြန် ကြတော့မည်ဖြစ်ကြောင်း ခင်ခင်ခ က 7 Day News  သို့ပြောသည်။

    ““သမီးက လွန်ခဲ့တဲ့ ၈ နှစ် လောက်ကတည်းက သြစတြေးလျ ကို ကျောင်းတက်ဖို့ထွက်သွားခဲ့ တာ၊ အဲဒီတုန်းက ၁၅ နှစ်ပဲ ရှိ သေးတယ်။ ဒီကိုပြန်လာတာ အဖေ့အတွက်ကြောင့်ပါ။ နိုဝင်ဘာ မှာ အဖေကသာသနာ့ဘောင်ကို ရာသက်ပန်ဝင်ပြီးပြီဆိုရင် သမီးတို့ မောင်နှမနှစ်ယောက်စလုံး ပြန်ကြ မှာပါ။ ကားရိုက်တာတွေအားလုံး ကိုတော့ အဆုံးသတ်ခဲ့မှာပါ””ဟု ခင်ခင်ခက ပြောသည်။

    ယခုလက်ရှိတွင် ခင်ခင်ခ သည် ဒါရိုက်တာအဖြစ် ဗီစီဒီများ နှင့် ဗီဒီယိုကားများရိုက်ကူးခြင်းကို ပြုလုပ်နေသည်။ ခင်ခင်ခဒါရိုက် တာအဖြစ် ရိုက်ကူးခဲ့သော ဗီဒီယို ဇာတ်ကားတစ်ခုဖြစ်သည့် ၀ိညာဉ် လေးအစစ်ပါသွားပြီ ဇာတ်ကား မှာ မကြာမီထွက်ရှိတော့မည် ဖြစ် သည်။ သူမပါဝင်သီဆိုခဲ့သော နို ၀င်ဘာ ၁၁ ဗီစီဒီကာရာအိုကေကို မူ ယခုလအတွင်းထွက်ရှိမည်ဖြစ် ကြောင်း သိရသည်။

    ““နေ၀င်းကတော့ သရုပ်ဆောင် တာဝါသနာမပါဘူး။ ရှက်တတ် တယ်။ ဒါပေမယ့် ခုထွက်မယ့် ဗီစီ ဒီမှာတော့ သူရိုက်ထားတယ်””ဟု ခင်ခင်ခကပြောသည်။

    နေ၀င်းသည် သြစတြေးလျ တွင် Marketing  ဘာသာအဓိက ဖြင့်ကျောင်းပြီးထားပြီး၊ ခင်ခင်ခမှာ အိုင်တီဖြင့်ဘွဲ့ရထားသူဖြစ်သည်။

Page: 1
အကြံကုန် ဂဋ္ဌုန်ဆားချက်
အလုပ်မဖြစ်တော့လို့ နေမှာပေါ့.
commented by : Z: | posted date : 24/07/2008
ိုအော်
အော် ဟဲ့ အဲဒလောက်ဂျီးလဲအားမပေးရ၀ူးလေ
ရိုင်းတယ်ပြောခံရလိမ့်မယ် :P
commented by : fernygirl | posted date : 26/07/2008
မြန်မာရုပ်ရှင်လောကကြီးအတွက်သတင်းကောင်းပါဘဲ။
ဝမ်းသာပါဧ။် အမြင်မှန်ရသွားတယ်ထင်ပါတယ်။
commented by : swezin09 | posted date : 26/07/2008
အင်း...အဲဒါကလည်း တစ်မှောင့်...
အင်း...ရေ ပွက် ရာ ငါးစာ ချ လို့ ပြောရင် လွန်များ လွန်နေမလား...
ဘာပဲ ပြောပြော အမြင်မှန်ရတာ နည်းနည်း နောက်ကျနေမလားလို့...
commented by : cricket | posted date : 26/07/2008
Unknown
压法
commented by : showme2 | posted date : 26/07/2008

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.