Guest. It's 11:36 PM - Myanmar time. Register or Login | Download Myanmar Font 
 
  
နိုင်ငံခြားမြီစားနိုင်ငံမှ မြီရှင်နိုင်ငံအဖြစ် တွန်းပို့ခဲ့သူ လူးဝစ်လူလာဒါဆေးဗား
ဘရာဇီးအား နိုင်ငံခြားမြီစားနိုင်ငံမှ မြီရှင်နိုင်ငံအဖြစ် တွန်းပို့ခဲ့သူ လူးဝစ်လူလာဒါဆေးဗား
Posted on Jul 24 08 - 01:13 PM | Hits : 334 | Save as PDF

ဘရာဇီး၏ ၃၅ ယောက်မြောက်သမ္မတဖြစ်သော လူးဝစ်လူလာဒါ ဆေး ဗားလ်သည် အာဏာရ အလုပ်သမားပါတီကို စတင်တည်ထောင်ခဲ့သူ ဖြစ်သည်။ ၂၀၀၂ ခုနှစ် တွင်စတင်ရွေးချယ်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ထပ်မံရွေးချယ်ခံရကာ ၂၀၁၁ ခုနှစ်အထိ ဆက်လက်တာဝန်ထမ်း ဆောင်ရမည်ဖြစ်သည်။

    လူလာကိုကိတ်တေးစ်မြို့၌ ၁၉၄၅ တွင်မွေးဖွားခဲ့သည်။ မွေးချင်း ၈ ယောက်ရှိသည့်အနက် သတ္တမမြောက်သားဖြစ်သည်။ လူလာကို မွေးဖွားပြီး နှစ်ပတ်ကြာပြီးနောက် လူလာဖခင်က ဆန်တိုမြို့သို့ပြောင်း ရွှေ့ခဲ့သည်။ လူလာ ၇ နှစ်ပြည့်သောအခါ ဆာအိုပေါ်လိုသို့ပြောင်း ရွှေ့ခဲ့ပြီး ဖခင်ဖြစ်သူမှာ နောက်အိမ်ထောင်ပြုခဲ့သည်။ ထိုအချိန်မှစ၍ လူလာမှာ ဖခင်ဖြစ်သူကိုသိပ်မတွေ့ရတော့ဘဲ ဖခင်ဖြစ်သူမှာ ၁၉၇၈ တွင် ဆုံးပါးသွားခဲ့သည်။

    မွေးချင်းများ၍ တာဝန်မကျေသောဖခင်ကြောင့် လူလာမှာ ကောင်းစွာ ပညာသင်ကြားခွင့်မရခဲ့ချေ။ အသက် ၁၀ နှစ်ပြည့်သည်ထိ စာဖတ်မတတ်သေးချေ။ Grade  ၄ ပြီးနောက် မိသားစုစားဝတ်နေရေး အတွက် အလုပ်လုပ်ရန်ကျောင်းထွက်ခဲ့ရသည်။ အသက်  ၁၂ နှစ် အရွယ်မှစ၍ ဖိနပ်တိုက်သူနှင့်လမ်းဘေးဈေးသည်အဖြစ် လုပ်ကိုင်စား သောက်ခဲ့ရသည်။ အသက် ၁၄ နှစ်အရွယ်တွင် ကြေးနီစက်ရုံတွင် အလုပ်ရခဲ့သည်။ အသက် ၁၉  နှစ်အရွယ် မော်တော်ကားအစိတ် အပိုင်းထုတ်လုပ်ရေးစက်ရုံတွင်အလုပ်လုပ်ရင်း မတော်တဆဖြစ်မှုကြောင့် လက်ချောင်းတစ်ချောင်းဖြတ်ခဲ့ရသည်။

    ၁၉၈၀ ဖော်ဖော် ၀ါရီလတွင် လူလာအ ပါအ၀င် ပညာရှင် များ၊ အလုပ်သမား သမဂ္ဂများပူးပေါင်း၍ အလုပ်သမားပါတီ (PT)  အား လက်ဝဲ ယိမ်းအသွင်ဖြင့် စ တင်တည်ထောင် ခဲ့ သည်။ ၁၉၈၄ တွင် PT  ပါတီနှင့် လူလာ တို့သည် ဒီရီတာဂျာ လှုပ်ရှားမှုတွင် ပါဝင်ခဲ့ သည်။ ယခင်က ဘ ရာဇီး သမ္မတများကို လွှတ်တော်နှစ်ရပ်ပေါင်း ၍ အမတ်များက တိုက်ရိုက်ရွေးချယ်ကြသည်။ ဒီရီတာလှုပ်ရှားမှုကြောင့် ၁၉၈၉ ရွေး ကောက်ပွဲသည် ပြည်သူကတိုက်ရိုက်ရွေးချယ်တင်မြှောက်သောသမ္မတရွေး ကောက်ပွဲဖြစ်လာခဲ့သည်။

    ၁၉၈၂ နှစ်တွင် လူလာသည် ဆာအိုပေါ်လို အစိုးရအဖွဲ့ဖွဲ့ရေး ရွေးကောက်ပွဲဝင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ ၁၉၈၆ တွင် လူလာ သည်ကွန်ဂရက်တွင် အမတ်ဖြစ်လာခဲ့သည်။ PT  ပါတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင်ပါဝင်ခဲ့သည်။ ၁၉၈၉ တွင် လူလာသည် ဘရာဇီးသမ္မတရွေး ကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဘရာဇီး လူအဖွဲ့အစည်းကလူလာကို နှစ်သက်သော်လည်း စီးပွားရေးအသိုင်း အ၀ိုင်းကမူ သူ့အားကြောက်ကြသည်။ ၁၉၉၄နှင့် ၁၉၉၈ တွင် ကျင်းပ သော သမ္မတရွေးကောက်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၀၂ သမ္မတရွေးကောက်ပွဲတွင်မူ လူလာသည် ဘရာဇီး၏ နိုင်ငံခြားကြေးမြီကို ပြန်လည်ဆန်းစစ်ရေးမူဝါဒဖြင့် ယှဉ်ပြိုင်ခဲ့သည်။ လူလာ၏ မူဝါဒသည် စီးပွားရေးလုပ်ငန်းရှင်တို့အား ပူပန်စေခဲ့သည်။ ၂၀၀၂ ရွေးကောက် ပွဲတွင် နှစ်ကြိမ်မြောက်ယှဉ်ပြိုင်ပြီးနောက်လူလာသည် သမ္မတဖြစ်လာ ခဲ့သည်။ ၂၀၀၆ ရွေးကောက်ပွဲတွင်လည်းပထမအကျော့တွင် အနိုင်ရ ခဲ့သော်လည်း မဲအသာစီးရမှုမှာ မကွာခြားပေ။

    လူလာ၏ နိုင်ငံရေးမူဝါဒအနေဖြင့် ရွေးကောက်ပွဲကာလ ဘရာဇီး လူ့အဖွဲ့အစည်းပြောင်းလဲရေးကို အဓိကပြောဆို စည်းရုံးခဲ့သော်လည်း အာဏာရလာသောအခါ အလယ်အလတ်ပြုပြင်ပြောင်းလဲရေးကိုသာ ဆောင်ရွက်ခဲ့သည်။

    အငြိမ်းစားအလုပ်သမားများ ခံစားခွင့်အသစ်၊ အခွန်ကောက်ခံ ရေး၊ တက္ကသိုလ်များ ပြုပြင်ပြောင်းလဲရေးတို့ဖြစ်သည်။ လူလာသည် ဘရာဇီးတစ်ဝန်း အာဟာရပြတ်လပ်နေသော ပြည်သူတို့အတွက် ၀င် ငွေနည်းမိသားစုများအတွက် ထောက်ပံ့ကြေးများပေးခြင်း၊ လူမှုရေးဇုန်များ တည်ထောင်ရေးအတွက် အစားအသောက်များကို စိုက်ပျိုးထုတ်လုပ် ရန် အကူအညီပေးခြင်း တို့ကိုပြုလုပ်ခဲ့သည်။ ဒုတိယမြောက်သမ္မတအ ဖြစ်ရွေးချယ်ခံရပြီးနောက် ဖွံ့ဖြိုးရေးအဆင့်မြင့် အစီအစဉ်ကို တည် ထောင်ခဲ့သည်။ ထိုအစီအစဉ်သည် ဘရာဇီး၏ စီးပွားရေးကို အခြေခံ သော လူမှုရေးပြဿနာများကို ဖြေရှင်းရန် ရည်ရွယ်သည်။ မော်တော် ကားလမ်းနှင့် မီးရထားလမ်းများပြုပြင်တည်ဆောက်ရေးတွင် ရင်းနှီး မြှုပ်နှံခြင်း၊ အခွန်တချို့ကို လျှော့ချခြင်း၊ နိုင်ငံ၏ စွမ်းအင် ထုတ်လုပ်မှုကို တိုးမြှင့်ခြင်းစသော လုပ်ငန်းများကိုလုပ်ဆောင်ခဲ့ပြီး ဒေါ်လာ ၂၅၀ ဘီလီယံသုံးစွဲခဲ့ သည်။ လူလာ၏ ဆောင်ရွက်မှုကြောင့်နှစ်ပေါင်းများစွာ နိုင်ငံခြားချေးငွေများဖြင့် လုံးပန်းခဲ့ရသော ဘရာဇီးသည် နိုင်ငံခြားငွေ မြီရှင်နိုင်ငံအဖြစ် ၂၀၀၈ တွင်ပြန်လည် ရောက်ရှိခဲ့သည်။

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.