Guest. It's 03:55 PM - Myanmar time. Register or Login | Download Myanmar Font 
 
  
ကလေးမွေးဖားခဲ့သောအမေရိကန်ယောက်ျားနှင့် ကလေးငယ်အား ဓာတ်ပုံရိုက်ခွင့်ပြု
Posted on Jul 24 08 - 03:05 PM | Hits : 1425 | Save as PDF

ပြီးခဲ့သောရက်များအတွင်းက အမေရိကန်နိုင်ငံတွင် မိန်းမဘဝမှ ယောက်ျားအဖြစ်ပြောင်းလဲထားသူတစ်ဦးမှ ကလေးမွေးဖွားသည့်သတင်းအား တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားခဲ့သည်။ ယခုအခါ အဆိုပါကလေးကို မွေးဖွားခဲ့သူ သောမတ်စ် ဘီတီက ၎င်း၏ ကလေးငယ်အား ဓာတ်ပုံရိုက်ခွင့်ပြုလိုက်ပြီဖြစ်သည်။ ဘီတီသည် လွန်ခဲ့သော သီတင်းသုံးပတ်ခန့်က မျက်လုံးပြာပြာနှင့် သမီးငယ်လေးအား မွေးဖွားခဲ့ခြင်းဖြစ်သည်။ (၃၄) နှစ်အရွယ်ဘီတီသည် သူ၏သမီးငယ်လေးအား ဇွန်လ (၂၉) ရက်၊ ည (၈း၅၅) မိနစ်တွင်ဖွားမြင်နိုင်ပြီးနောက် ကမ္ဘာပေါ်တွင် လိင်ခွဲစိတ်မှုဖြင့် ယောက်ျားဘ၀သို့ပြောင်းလဲပြီး ပထမဆုံးတရားဝင် ကလေးမွေးဖွားသူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ သမီးငယ်လေးအား ဆူဆန်ဟုအမည်ပေးထားကြောင်း ဘီတီနှင့် ဇနီးဖြစ်သူ နန်စီတို့က ပြောပြသည်။ ထိုအမည်အား ဘီတီ၏မိခင်ဖြစ်သူက ပေးထားခြင်းဖြစ်သည်။ ယခုအခါတွင် ဘီတီသည် သမီးငယ်ဆူဆန်နှင့်အတူ ပျော်ရွှင်စွာဓာတ်ပုံအရိုက်ခံရင်း ယခုလိုကလေးမွေးဖွားနိုင်မှုအတွက် အလွန်ဂုဏ်ယူကြောင်း ပြောကြားသွားခဲ့သည်။

Page: 1
စိတ်ချမ်းသာဒယ်
ဒုက္ခပါပဲ ..
စိတ်ချမ်း......သာဒယ်
ယောက်ျားကနေ ကလေး မွေးတယ်ဆိုလို့ စိတ်ဝင်စားလို့ ၀င်ကြည့်တာ လက်စသပ်တော့ ဘောပြားမကနေ ယောက်ျား အယောင်ဆောင်ပြီး မွေးသတဲ့။ ပြီးတော့ အဲဒီလို မွေးနိုင်တာကိုလည်း ဂုဏ်ယူ သတဲ့။ အမလေး...
လောကကြီး ဘယ်လိုတွေ ဖြစ်နေပါလိမ့်..။ သူ့မိန်းမတော့ သနားစရာပဲ။ အဲဒီ အကောင်ကို လည်း မေးချင်တယ် “ နင်က မိန်းမလား ယောက်ျားလား” လို့ ။ ကန်တော့ ပါရဲ့ မိန်းမဘ၀ကို မကြိုက်လို့ ယောက်ျားဖြစ်အောင် ခွဲစိပ် ပြုပြင်ပြီးပြီပဲ။ အဲတာတောင်မှ မိန်းမလို မျိုး ကလေးမွေးနေရသေးသလား..။ ဘယ် အပေါက် က မွေးတာပါလိမ့်...။ အံ့ သြ ဘာ့။
commented by : waiyam | posted date : 25/07/2008
oh my god!
very very folish
commented by : moeheinhtet2008 | posted date : 27/07/2008

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.