ကွန်ပျူတာအသုံးပြုသူများ တီ ဗီအစီအစဉ်များအပါအ၀င် အခြား ဖျော်ဖြေရေးဆိုင်ရာ Player များနှင့် တိုက်ရိုက်တွဲဖက် တပ်ဆင်အသုံးပြု ကြည့်ရှုနိုင်သော LCD TV မော်နီ တာတစ်မျိုး မြန်မာနိုင်ငံဈေးကွက် အတွင်း စတင်ဝင်ရောက်လာကြောင်း သိရသည်။
အဆိုပါ မော်နီတာ၏မော်ဒယ် မှာ 225 MW ဖြစ်၍ 22 လက်မ Widescreen LCD TV Monitor ဟု ခေါ်တွင်ပြီး ဆမ်ဆောင်းမှ အသစ်ထုတ်လုပ်လိုက်သော LCD မော်နီတာအမျိုးအစားဖြစ်ကြောင်း သိရသည်။
““ဆမ်ဆောင်းက အသစ်ထုတ် လိုက်တဲ့ LCD TV မော်နီတာဖြစ် ပြီး အခြားကြားခံပစ္စည်းတစ်ခုမျှ မလိုဘဲ LCD မော်နီတာအပြင် တီဗီတစ်ခုလိုပဲ DVD Player တွေ၊ CD Player တွေ၊ စလောင်းဖမ်း စက်တွေကို တိုက်ရိုက်တပ်ဆင်ပြီး အသုံးပြုနိုင်ပါတယ်။ တီဗီအစီ အစဉ်တွေ ဖမ်းယူကြည့်ရှုနိုင်ဖို့ အင်တာနာအပေါက်လည်း ပါရှိပါ တယ်။ နိုင်ငံခြားမှာ LCD TV တွေ ထွက်ပေါ်နေတာကြာပါပြီ။ ဒါပေ မယ့် ပြည်တွင်းဈေးကွက်ထဲကို အခုမှ စတင် တင်သွင်းလာတာဖြစ် ပါတယ်”” ဟု အဆိုပါမော်နီတာ များကိုတင်သွင်းသောဆမ်ဆောင်း ၏ အိုင်တီထုတ်ကုန်ပစ္စည်းများ မြန်မာနိုင်ငံတစ်ဦးတည်းဖြန့်ချိခွင့် ကိုယ်စားလှယ် Cystem Computer မှ ဈေးကွက်တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၎င်းင်း LCD TV မော်နီတာ သည် Resolution 1680x1050 ရှိပြီး contrast Ratio 700:1 ရှိ ကြောင်း သိရသည်။ ၎င်းင်း၏ Single Input များအနေဖြင့် Video Signal များ၊ Sync. Signal များနှင့် Connector များပါရှိ ပြီး LCD မော်နီတာအပြင် တီဗီ အသုံးပြုမှုအတွက် Special Features များအနေဖြင့် HDTV Ready, Built-in PAL Tuner, Composite, S-Video, Component, HDMI နှင့် Supporting 1080P Input များ ပါဝင်ကြောင်း သိရသည်။
၎င်းင်း၏ Response Time မှာ သာမန် LCD မော်နီတာများကဲ့သို့ 5ms သာရှိပြီး ပါဝါသုံးစွဲမှုမှာလည်း 58 W သာ အများဆုံးရှိကြောင်း သိရသည်။ အဆိုပါ LCD TV မော်နီတာများကို ကျပ်ခြောက် သိန်းခန့်ဖြင့် Cystem Computer နှင့် ၎င်းင်း၏အရောင်းကိုယ်စားလှယ် ဆိုင်များတွင် ၀ယ်ယူရရှိနိုင် ကြောင်း သိရသည်။