Guest. It's 09:15 PM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
နိုင်ငံတကာအာကာသစခန်းသို့ ကွန်ပျူတာဗိုင်းရပ်စ်ကူးစက်ဝင်ရောက်
Posted on Aug 29 08 - 09:28 AM | Hits : 718 | Save as PDF
ကမ္ဘာပတ်လမ်းကြောင်းအတွင်း လွှတ်တင်ထားသော နိုင်ငံတကာ အာကာသစခန်း(ISS) သို့ ကွန်ပျူတာဗိုင်းရပ်စ်တစ်မျိုး ၀င်ရောက်မှု ခံခဲ့ရကြောင်း နာဆာအဖွဲ့ကြီးက သြဂုတ်လ(၂၈)ရက်နေ့က အတည်ပြုလိုက်ပြီဖြစ်သည်။ ထိုသတင်းမှာ မူလကတည်းက ထွက်ပေါ်လာခဲ့သော်လည်း နာဆာက ယခုအချိန်မှ တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဗိုင်းရပ်စ်မှာ ကမ္ဘာမှ ISSသို့ သယ်ဆောင်သွားသည့် လက်ပ်တော့ပ် ကွန်ပျူတာတစ်လုံးမှ ကူးစက်ခဲ့ခြင်းဖြစ်သည်။ ISSသို့ရောက်ရှိပျံနှံ့နေသည့် ဗိုင်းရပ်စ်မှာ W32.Gammima.AG ဟု အမည်သတ်မှတ်ထားသော ဗိုင်းရပ်စ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် (၂၀၀၇)ခုနှစ်၊ သြဂုတ်လအတွင်းက စတင်တွေ့ရှိခဲ့သည်။ ထိုဗိုင်းရပ်စ်မှာ ကွန်ပျူတာ Login Name များရောထွေးမှားယွင်းစေပြီး Password များကို ခိုးယူဖျက်ဆီးလေ့ရှိသည့် malware ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည်။ ISSတွင် အဆိုပါဗိုင်းရပ်စ် ၀င်ရောက်နေမှုအား ဇူလိုင်လ(၂၅)ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့အပြီး Antivirus ဆော့ဖ်ဝဲများအသုံးပြုဖယ်ရှားခဲ့သည်။ ထို့နောက် ISSရှိ Systemများအားလုံးတွင် ဗိုင်းရပ်စ်ကင်းစင်မှု ရှိ၊မရှိ တစ်လကျော်ကြာ စစ်ဆေးခဲ့အပြီး လုံးဝစိတ်ချရပြီဖြစ်ကြောင်း နာဆာက ထုတ်ပြန်ခဲ့သည်။ နာဆာ၏အဆိုအရ ISSသို့သယ်ဆောင်လာသည့် လက်ပ်တော့ပ်ကွန်ပျူတာတွင် ထိုဗိုင်းရပ်စ်ပါလာခဲ့ပြီး USB Stickနှင့် Dataများကူးယူစဉ် ISSသို့ကူးစက်ဝင်ရောက်ခဲ့ဖြင်းဖြစ်သည်ဟု သိရသည်။ နာဆာအနေဖြင့် ယခုကိစ္စအတွက် အသေးစိတ်စုံစမ်းမှုများ ပြုလုပ်သွားဦးမည်ဖြစ်ပြီး နောက်တစ်ကြိမ်အလားတူ ပြဿနာမျိုးမပေါ်ပေါက်စေရန် Systemလုံခြုံရေးအစီအမံများ တိုးမြှင့်ပြုလုပ်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.