ကမ္ဘာကျော် မိုက္ကရိုဆော့ဖ်ကော်ပိုရေးရှင်းသည် အင်တာနက်အသုံးပြုသူများအတွက် ကျေနပ်မှုရရှိစေမည့် Browser အသစ်တစ်မျိုးအား ဖြန့်ချိလိုက်ပြီဟု သိရှိရသည်။ Porn Mode ဟုအမည်ပေးထားသော အဆိုပါ Browser မှာ အသုံးပြုသူအတွက် သီးသန့်ဖြစ်စေမှုနှင့် လုံခြုံမှုတို့ကို ရရှိစေမည်ဟု ဆိုသည်။ Porn Mode အားအသုံးပြုခဲ့သူတစ်ဦးအနေဖြင့် မည်သည့် Web Site Link များကြည့်ရှုခဲ့သည်၊ မည်သည့်အရာများ Download၊ Upload လုပ်ခဲ့သည်ဆိုသည်ကို အခြားသူများမသိရှိနိုင်ကြောင်း မိုက္ကဆော့ဖ်ကကြေညာထားသည်။ ထို့ကြောင့် Porn Mode ကိုအသုံးပြုခြင်းဖြင့် မိမိ၏အင်တာနက်အသုံးပြုမှုကို အခြားသူများ ခြေရာကောက်နိုင်မည်မဟုတ်ကြောင်း သိရသည်။ Private Features အတွင်းထည့်သွင်းထားသော အချက်အလက်များမှာ အခြားမည်သူမျှကြည့်ရှုနိုင်မည်မဟုတ်အောင် လုံခြုံစိတ်ချရမည်ဟု Microsoft က အာမခံထားသည်။ ထို့အပြင် ထို Browser သည် အင်တာနက်မှပါလာသည့် Temporary File များ၊ Cookies များနှင့် အခြားမလိုအပ်သော File များအား အလိုအလျောက်ရှင်းလင်းပေးမည်ဟုဆိုသည်။ IE7၊ Firefox3 နှင့် Microsoft မှ လက်ရှိထုတ်ဝေထားသော Browser များမှာလည်း Temp file များ၊ Cookie များကို ရှင်းလင်းပေးနိုင်သော်လည်း အပြည့်အ၀ စိတ်ကျေနပ်ဖွယ်မရှိကြောင်း အသုံးပြုသူများကဆိုသည်။ ထို့ပြင် Web History များရှင်းလင်းပေးမှုတွင်လည်း စိတ်ချရမှု သိပ်မရှိဟု ဝေဖန်ခံထားရသည်။

Porn Mode တွင်ပါရှိသော အခြား Feature တစ်ခုမှာ InPrivatBlocking Feature ဖြစ်ပြီး အဆိုပါ Feature တွင် User များအတွက် အသုံးဝင်မည့် စီးပွားရေးနှင့် ဆက်စပ်သည့်အချက်အလက်များအား online စနစ်ဖြင့်ပေးပို့သွားမည်ဖြစ်သည်။ အဆိုပါ Feature မှာ မကြာမီနှစ်များအတွင်း Microsoft နှင့်ပြိုင်ဘက်သဖွယ်ဖြစ်လာသည့် Google နှင့် ယှဉ်ပြိုင်လိုက်ခြင်းပင်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။ Google သည် လက်ရှိအချိန်တွင် အင်တာနက်မှတဆင့် အကြံပေးမှုလုပ်ငန်းများဈေးကွက်၏ (၁၀) ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထားသေးသော်လည်း မကြာမီနှစ်များအတွင်း ပိုမိုအောင်မြင်လာရန် မျှော်လင့်ထားသည်။ Porn Modeအား IE8 Browserတွင် ထည့်သွင်းသွားဖွယ်ရှိပြီး Mozilla နှင့်လည်းအပြိုင်အဆိုင်ဖြစ်လာဖွယ်ရှိကြောင်း အင်တာနက်ဆိုင်ရာ ပြည်သူ့အကြံပေးရေးဗြူရိုမှ ဥက္ကဌ မိုက်ဇိန်းနစ်က သုံးသပ်သွားသည်။ ၎င်းက Microsoft အနေနှင့် ၄င်းတို့၏ Browser အား Beta Version အနေဖြင့် ထုတ်ဝေခဲ့မှုအား စောင့်ကြည့်လျက်ရှိကြောင်း၊ လိုအပ်သောပြုပြင်မှုအချို့ကို အပြီးသတ်ပြင်ဆင်ပြီးပါက Porn Mode မှာ Mozillaအားခြိမ်းခြောက်နိုင်မည့် ပြိုင်ဘက်ကောင်းဖြစ်လာနိုင်ကြောင်း ပြောကြားသွားသည်။ Porn Mode ၏ InPrivateBlocking တွင် ကုမ္ပဏီများမှ ၄င်းတို့ကြိုးစားအကောင်အထည်ဖော် စုဆောင်းထားသော အသေးစိတ်အချက်အလက်များကို စာရင်းပြုစု တင်ပြထားမည်ဖြစ်ပြီး Browserအသုံးပြုသူအနေဖြင့် စိတ်ဝင်စားရာ Link ကို အလွယ်တကူ ရွေးချယ်နိုင်မည်ဖြစ်သည်။ Microsoft မှထုတ်ဝေလိုက်သော Porn Mode ၏ အဓိက Feature နှစ်ခုဖြစ်သည့် ၀က်ဘ်ဆိုက်များ ခြေရာဖျောက်ခြင်းစနစ်နှင့် Online အကြံပေးစနစ်တို့မှာ User များအတွက် စိတ်ဝင်စားဖွယ် ဖြစ်နေသော်လည်း Porn Mode အနေဖြင့် Firefox, Opera စသည့် နာမည်ကြီး Browser များထက် သာလွန်ခြင်းရှိမရှိ မှတ်ကျောက်တင်ခံရဦးမည်ဖြစ်သည်။