Guest. It's 05:25 PM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
Microsoft Beta Exam 4 မျိုးအခမဲ့ဖြေဆိုနိုင်
Posted on Sep 03 08 - 10:02 AM | Hits : 554 | Save as PDF

ရန်ကုန်၊ သြဂုတ် ၂၆

မိုက္ကရိုဆော့ဖ်၏ Beta Exam (4)  မျိုးအားအခမဲ့စတင်ဖြေဆိုနိုင် ပြီဖြစ်ကြောင်းအွန်လိုင်းစာဖြေဌာ နတစ်ခုမှသိရှိရသည်။

မိုက္ကရိုဆောဖ့်မှအမြဲတမ်းဖြေ ဆိုနိုင်သောစာမေးပွဲအဖြစ်မသတ် မှတ်မီကာလအတွင်းစမ်းသပ်စစ်ဆေး ပေးသောစာမေးပွဲများအားဘီတာ စာမေးပွဲများအဖြစ်ယေယျခေါ်ဆို လေ့ရှိပြီးနည်းပညာရပ်အလိုက်သေး စိတ်နောက်ဆက်တွဲနာမည်ရှိသော် လည်းဘီတာစာမေးပွဲဟုသာခေါ်ဆို ပြီး ၀၇၁ ဖြင့်အစပြုလေ့ရှိကြောင်း သိရှိရသည်။

““ဘီတာစာမေးပွဲတွေမှာအခကြေး ငွေပေးပြီးဖြေဆိုစရာမလိုဘူးဆိုပေ မဲ့လူတိုင်းဖြေဆိုခွင့်တော့မရှိပါဘူး။ ဘီတာစာမေးပွဲတွေကို၎င်းင်းနဲ့ဆက် စပ်တဲ့နည်းပညာစာမေးပွဲတွေမှာ ၀င်ရောက်ဖြေဆိုအောင်မြင်ပြီးသူ တွေထဲကထွက်ပေါ်လာတဲ့နည်းပ ညာသစ်ကိုစိတ်ဝင်စားပြီး MCP  ၀က်ဘ်ဆိုက်မှာစိတ်ဝင်စားတယ်ဆို တဲ့အကြောင်းကို Sign up  လုပ်ထားသူတွေအထဲကမှမိုက္ကရို ဆော့ဖ်မှစီစဉ်ရွေးချယ်ပြီးဖြေဆိုခွင့် ပြုတာဖြစ်ပါတယ်။ ဘီတာစာမေး ပွဲဖြေဆိုခွင့်ပြုကြောင်း email  နဲ့အ ကြောင်းကြားပြီး၊ ဖြေဆိုနိုင်မဲ့ စာမေးပွဲအမှတ်အသားနဲ့အခမဲ့ဖြေ ဆိုခွင့်ကုဒ်အမှတ်ကိုပေးပို့လေ့ရှိပါ တယ်။ အဆိုပါမိုက္ကရိုဆော့ဖ်ကနေ ပေးပို့တဲ့အကြောင်းကြားစာ e-mail  နဲ့အကြောင်းကြားပြီး၊ ဖြေဆို  မယ်ဆိုရင်အခကြေးငွေပေးစရာမ လိုပဲဖြေဆိုနိုင်ပါတယ်”” ဟု အွန် လိုင်းစာဖြေဌာနတစ်ခုဖြစ်သော Myanmar-Inspiration  မှာတာ ၀န်ရှိသူတစ်ဦးမှအင်တာနက်ဂျာ နယ်သို့ပြောသည်။

ယခုလောလောဆယ်၌ဖြေဆို နိုင်သည့်ဘီတာစာမေးပွဲ(၄)မျိုးမှာ  TS  စာမေးပွဲ(၂)မျိုးဖြစ်သော 071-653, 071-654  နှင့် Pro  စာမေးပွဲ (၂)မျိုး 071-450, 071-452  တို့အ သီးသီးဖြစ်ကြောင်းသိရှိရသည်။

ဘီတာစာမေးပွဲ၏ထူးခြားသော အချက်မှာစာမေးပွဲဖြေဆိုပြီးချင်း ဖြေဆိုသူ၏အောင်လက်မှတ်ကိုချက် ချင်းသိရှိရမည်မဟုတ်ဘဲ၁လ၊ ၂လ ခန့်ကြာပြီးအမြဲတမ်းစာမေးပွဲအဖြစ် သတ်မှတ်ကြေငြာပြီးသောအခါမှ သာအောင်မြင်သူများကိုအောင် လက်မှတ်ပေးပို့လေ့ရှိကြောင်းသိရှိ ရသည်။ အခမဲ့ဖြေဆိုရသော်စာေ မေးပွဲဖြစ်သော်လည်းအောင်မြင် ကြောင်းအသိအမှတ်ပြုသည့်လက်မှတ် မှာပုံမှန်အောင်လက်မှတ်များကဲ့သို့ ဖြစ်ပြီးပုံမှန်စာမေးပွဲအောင်မြင်သူ အဖြစ်မိုက္ကရိုဆော့မှအသိအမှတ်ပြု ကြောင်းထပ်မံသိရှိရသည်။                 -Dwa


 


Ref :   : Internet Journal

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.