Guest. It's 05:44 AM - Myanmar time. Register or Login | Download Myanmar Font 
  
“အချစ်ကလန်းတယ်” ရုံတင်တော့မည်
Posted on Sep 05 08 - 10:42 AM | Hits : 3458 | Save as PDF

ပြည်တွင်းတွင် ပထမဦးဆုံးဖန်တီး ပြုလုပ်ထားသော စတူဒီယိုအသံစ နစ်ဖြင့် ထုတ်လုပ်ထားသည့် မြန်မာ ဟာသရုပ်ရှင် ““အချစ်ကလန်းတယ်”” ရုပ်ရှင်ကို စက်တင်ဘာလဆန်း၌ ရန်ကုန်မြို့လယ်ရုပ်ရှင်ရုံများတွင် ရုံ တင်ပြသတော့မည်ဖြစ်ကြောင်း သိ ရသည်။

    ယခင်က ထုတ်လုပ်ခဲ့သော မြန်မာရုပ်ရှင်ကားများတွင် မိုနိုအသံ စနစ်ဖြင့်သာ ထုတ်လုပ်ပြီး စတူဒီယို အသံစနစ်ဖြင့် ထုတ်လုပ်ပါက ပြည်ပ နိုင်ငံများသို့ သွားရောက်ဖန်တီးလေ့ ရှိသည်ဟုရုပ်ရှင်ထုတ်လုပ်ရေးလုပ် ကိုင်နေသူတစ်ဦးကပြောသည်။

    ““အချစ်ကလန်းတယ်””ရုပ်ရှင် တွင် မင်းမော်ကွန်း၊ ခန့်စည်သူ၊ ထွန်းထွန်း၊ မိုးအောင်ရင်၊ စိုးမြတ် သူဇာ၊ သက်မွန်မြင့်၊ မယ်လိုဒီ၊ စိုး ပြည့်သဇင်တို့ အဓိကပါဝင်သရုပ် ဆောင်ထားသည့် ဟာသရုပ်ရှင် ကားဖြစ်သည်။

    မလည်ရှုပ် လုပ်တတ်လွန်း သော လူပျိုကြီး(ခန့်စည်သူ) နှင့် တူများကိုထိန်းကျောင်းရင်း အပျို ကြီးဘ၀ရောက်ရှိသွားသူ (စိုးမြတ် သူဇာ)တို့ကို တူများ၊ ညီမများက နီးစပ်အောင် အောင်သွယ်ကြပုံကို ဟာသပြကွက်များဖြင့် ဇာတ်လမ်း ဆင်ရိုက်ကူးထားခြင်းဖြစ်သည်။

    ၂၀၀၆ ခုနှစ်က ရုံတင်ပြသခဲ့ သော ““ကျန်စစ်မင်း””ဇာတ်ကား သည်လည်း စတီရီယိုအသံစနစ်ဖြင့် ထုတ်လုပ်ခဲ့ပြီး မလေးရှားနိုင်ငံသို့ သွားရောက်ဖန်တီးခဲ့ခြင်းဖြစ်သည်။

Credit : 7Day News Journal

Volume (7), issue (24)

Page: 1
sate win sar lite tar naw.. mdy ko kaw bal tot lout yout mar lal ma ti buu naw
NULL
commented by : nwaynwaysengja | posted date : 05/09/2008
i like soe myat thu zar
i like this movie because i like soe myat thu zar.

soe myat thu zar is famous and good actress.
commented by : myfriend109 | posted date : 06/11/2008

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.