ပြဿနာရှာရာတွင် နာမည်ကျော်ကြားလှသော အဆိုတော် အေမီဝိုင်းဟောက်စ်မှာ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်တော့မည်ဟု သတင်းများထွက်ပေါ်လာသည်။ မကြာသေးမီရက်များအတွင်း ဆရာဝန်များက ဦးနှောက်ထိခိုက်မှု ခံစားထားရနိုင်သည်ဟု စိုးရိမ်မကင်းဖြစ်နေသော အေမီဝိုင်းဟောက်စ်မှာ အဆိုတော် တီနာတာနာကို အားကျမှုကြောင့် ယခုလို ဗုဒ္ဓဘာသာအား ကိုးကွယ်မည်ဟုဆိုခြင်းဖြစ်ကြောင်း သိရသည်။ အသက်(၂၄)နှစ်အရွယ် ၀ိုင်းဟောက်စ်မှာ ဗုဒ္ဓသွန်သင်ပြသခဲ့သော ဘုရားစာများကိုပင် ရွတ်ဖတ်နေပြီဟုသိရသည်။ ဗြိတိန်ထုတ် Sunသတင်းစာကြီးထံသို့ ရောက်ရှိလာသောသတင်းများအရ အေမီဝိုင်းဟောက်စ်မှာ မနက်တွင်(၁၀)မိနစ်ခန့်နှင့် သူမ ညအိပ်ယာဝင်ခါနီးတို့တွင် ဘုရားစာများ ရွတ်ဖတ်ပူဇော်နေသည်ဟု သိရသည်။ You Tubeဗွီဒီယိုဝက်ဘ်ဆိုက်တွင် တီနာတာနာ၏ ဗုဒ္ဓစာပေများ ရွတ်ဖတ်နေမှုအား တွေ့ရှိခဲ့ပြီးနောက် ၀ိုင်းဟောက်စ်မှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ရန် စိတ်ဝင်စားလာခဲ့သည်ဟု ဆိုသည်။ ၀ိုင်းဟောက်စ်အနေဖြင့် ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး ဗုဒ္ဓဘုရားစာများကို ယုံယုံကြည်ကြည်ရွတ်ဆိုနေမှုမှာ သူမအတွက် ကောင်းကျိုးများရရှိစေမည်ဟု ယုံကြည်လျက်ရှိနေသည်။ ခင်ပွန်းဖြစ်သူမှာ ထောင်ကျနေပြီး ကိုယ်တိုင်လည်း ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်နေရသူ အေမီဝိုင်းဟောက်စ်အနေဖြင့် ဗုဒ္ဓ၏အဆုံးအမများကြောင့် အမှန်တကယ်ပင် ကောင်းကျိုးချမ်းသာများ ရရှိရန် မျှော်လင့်နေကြောင်း သူမနှင့် နီးစပ်သောအသိုင်းအ၀ိုင်းက ထုတ်ဖော်ပြောကြားသွားခဲ့သည်။
Source:
Femalefirst