Guest. It's 09:26 PM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ကားသစ်နဲ့ ဟန်ရေးပြနေတဲ့ စီရော်နယ်လ်ဒို
Posted on Sep 05 08 - 04:35 PM | Hits : 924 | Save as PDF
မန်ချက်စတာယူနိုက်တက်မှ တောင်ပံကစားသမား ရော်နယ်လ်ဒိုမှာ ၎င်းအသစ်ဝယ်ယူထားသော မော်တော်ကားသစ်ကြီးနှင့် ဟန်ရေးပြလျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် ခွဲစိတ်ကုသမှုကြောင့် မန်ချက်စတာအသင်းအတွက် မကစားနိုင်သေးသော်လည်း ၎င်း၏ ပေါင်(၃၄၀၀၀၀)တန် အပြာရောင် ဘန်တလေကားသစ်ကြီးနှင့် ကြွားလုံးထုတ်နေကြောင်း အိမ်နီးချင်းများကဆိုသည်။ အချို့သော လေ့လာသူများက ရော်နယ်လ်ဒို၏ အရောင်ရွေးချယ်မှုအား အံ့သြနေကြပြီး မန်ချက်စတာယူနိုက်တက်၏ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီး၏ အထိမ်းအမှတ် အပြာရောင်အား ရွေးချယ်မှုအပေါ် နားမလည်နိုင်ကြောင်း ပြောကြားခဲ့ကြသည်။ ကားCrazy တစ်ဦးဖြစ်သော ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့်မှာ ချက်ရှိုင်းယားအရပ်ရှိ ၄င်း၏နေအိမ်သို့ စက်တင်ဘာလ (၄) ရက်နေ့က အဆိုပါကားကြီးနှင့်အတူ ပြန်လာခဲ့ခြင်းဖြစ်သည်။ ကားအမျိုးမျိုး ၀ယ်ယူစုဆောင်းရန် ၀ါသနာကြီးသော ရော်နယ်လ်ဒိုသည် ၄င်း၏နာမည် အတိုကောက်နှင့် မန်ချက်စတာအသင်းတွင် ၄င်းဝတ်ဆင်သော ကျောနံပါတ်တို့စုပေါင်းထားသော CR7 ဟူသည့် ကားနံပါတ်ပြားအတွက် ပေါင်(၁၅၀၀၀၀)ပေးပြီး မူပိုင်ခွင့်ရယူထားကြောင်း သိရသည်။ အချို့သော ရော်နယ်လ်ဒို့ မိတ်ဆွေများကမူ အသက်(၂၃)နှစ်အရွယ် ရော်နယ်လ်ဒိုသည် ၎င်း၏ကားနံပါတ်သာမက ပိုင်ဆိုင်သမျှအရာအားလုံးတွင် CR7 အမှတ်အသား သတ်မှတ်ခွင့်ရရန် ကြံစည်နေသည်ဟု ပြောကြားသွားခဲ့ကြသည်။

Source: Dailymail
Page: 1
fool
Cristiano is fooling!
commented by : loveboat1991 | posted date : 09/09/2008

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.