Guest. It's 04:26 AM - Myanmar time. Register or Login | Download Myanmar Font 
  
ဒူဘိုင်းပင်လယ်ကွေ့၌ ရဟတ်ယဉ်ပျက်ကျမှုဖြစ်ပွား
Posted on Sep 05 08 - 04:43 PM | Hits : 486 | Save as PDF
ဒူဘိုင်းပင်လယ်ကွေ့အတွင်းရှိ ကမ်းလွန်ရေနံစင်တစ်ခုတွင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လိုက်ပါလာသူ ခရီးသည် (၇)ဦးစလုံး သေဆုံးသွားခဲ့ကြောင်း သိရသည်။ စက်တင်ဘာ(၃)ရက်နေ့က စြဖ်ပျက်ခဲ့သော လေယာဉ်မတော်တဆမှုအတွင်း ဗြိတိသျှလူမျိုးတစ်ဦးအပါအ၀င် ရဟတ်ယာဉ်အဖွဲ့သား (၇)ဦးစလုံး သေဆုံးခဲ့ကြောင်း ဒူဘိုင်းလေကြောင်းထိန်းသိမ်းရေး ဗဟိုအဖွဲ့က တရားဝင်ကြေငြာလိုက်သည်။ Bell 212 အမျိုးအစားရဟတ်ယာဉ်မှာ ဒူဘိုင်းနိုင်ငံတကာလေဆိပ်မှ ပျံတက်လာခဲ့ပြီး ဒူဘိုင်းကမ်းခြေမှ ရေမိုင်(၅၀)အကွာ ကမ်းလွန်ရေနံတူးဖော်ရေး မျှော်စင်တစ်ခု၏ ကုန်းပတ်ပေါ်ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဗြိတိန်လူမျိုးနှင့်အတူ အမေရိကန်တစ်ဦး၊ အိန္ဒိယလူမျိုးနှစ်ဦး၊ ပါကစ္စတန်၊ ဗင်နီဇွဲလားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ တစ်ဦးစီ သေဆုံးသွားကြောင်း ဒူဘိုင်းအာဏာပိုင်များက အတည်ပြုခဲ့သည်။ သို့သော် ရဟတ်ယာဉ်ပျက်ကျခဲ့သည့် ရေနံတူးဖော်ရေးမျှော်စင်အမည်နှင့် ရဟတ်ယာဉ်အားပိုင်ဆိုင်သည့် ကုမ္ပဏီ၏အမည်တို့ကိုမူ ထုတ်ဖော်ပြောဆိုသွားခဲ့ခြင်းမရှိပေ။ UAEနိုင်ငံအစိုးရက ဖြစ်ပျက်ခဲ့သော မတော်တဆမှုအတွက် စုံစမ်းမှုများ အရေးတကြီးဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ UAEနိုင်ငံအတွင်း လေကြောင်းကုမ္ပဏီတစ်ခုကမူ လေယာဉ်ပျက်ကျခဲ့သည့်နေရာမှာ ကုန်းမြေနှင့် အလှမ်းမဝေးလှကြောင်းနှင့် ရဟတ်ယာဉ်အား UAEနိုင်ငံအတွင်းရှိ ကုမ္ပဏီတစ်ခုကပိုင်ဆိုင်ကြောင်း အရိပ်အမြွက်ပြောကြားသွားသည်။

Source: Yahoo
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.