Guest. It's 03:27 AM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
အီတလီဘောလုံးသူရဲကောင်းက မန်ယူအသင်း၏တိုက်စစ်ကို ချီးကျူး
Posted on Sep 06 08 - 09:10 AM | Hits : 611 | Save as PDF
ယခင်အီတလီဘောလုံးသူရဲကောင်း ပေါ်လိုရော့ဆီက ဥရောပချန်ပီယံ မန်ချက်စတာယူနိုက်တက်မှာ အခမ်းနားအထည်ဝါဆုံး တိုက်စစ်အင်အားစုကို ပိုင်ဆိုင်သွားပြီဟု ချီးကျူးခဲ့သည်။ (၁၉၈၂)ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံ အီတလီအသင်းကို ဦးဆောင်ခဲ့သည့် ဂျူဗင်းတပ်စ် တိုက်စစ်မှူးဟောင်း ရော့စီက ဘာဘာတော့ဗ်အား ခေါ်ယူနိုင်ခဲ့မှုအား ရည်ညွှန်းပြောကြားသွားခြင်းဖြစ်သည်။ ရော့စီက မန်ချက်စတာယူနိုက်တက်အနေနှင့် မည်သည့်အသင်းကိုမှ မှုစရာမလိုသော တိုက်စစ်စွမ်းအားကို ပိုင်ဆိုင်ခဲ့ပြီဟု လာဂယ်ဇက်တို ဒယ်လာစပေါ့တ် အားကစားဂျာနယ်သို့ ပြောဆိုခဲ့သည်။ ရော့စီက ဘာဘာတော့ဗ်အား ပေါင်သန်း(၃၀)ကျော်ပေးခေါ်ယူခဲ့သော မန်ချက်စတာယူနိုက်တက်၏ လုပ်ရပ်အပေါ်ကျေနပ်မိကြောင်းနှင့် မာရီယိုဘာလော့တယ်လီပါဝင်ကစားနေသော အင်တာမီလန်ကိုလည်း သဘောကျမိသည်ဟုဆိုသည်။ ထို့အပြင် ကစားသမားသစ်များကြောင့် ယမန်နှစ်များနှင့် အသွင်ကွဲပြားစွာ ပွဲထွက်လာနိုင်သည့် စပိန်ကလပ်ဘာစီလိုနာကို တတိယဦးစားပေးအနေနှင့် နှစ်သက်မိသည်ဟု ပြောဆိုခဲ့သည်။ ထို့အပြင် မန်ချက်စတာ၊ အင်တာမီလန်နှင့် ဘာစီလိုနာ သုံးသင်းအနက်မှ တစ်သင်းသင်းသာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်လိမ့်မည်ဟု ရော့စီက ခန့်မှန်းခဲ့သည်။ အထူးသဖြင့် ဘာဘာတော့ဗ်၊ ရွန်နီ၊ ရော်နယ်လ်ဒို နှင့် တီဗက်စ်တို့ကဲ့သို့ နာမည်ကျော် တိုက်စစ်ကစားသမားများ ပါဝင်လာမည့် မန်ချက်စတာယူနိုက်တက်မှာ အလားအလာအကောင်းဆုံးဖြစ်သည်ဟု ရော့စီက ယုံကြည်နေသည်။ ရော့စီအနေနှင့် ၎င်း၏အသင်းဟောင်း ဂျူဗင်းတပ်စ်ကိုမူ အောင်မြင်မှုရရှိနိုင်မည်မထင်ကြောင်းနှင့် ဂျူဗင်းတပ်စ်မှ ပေါင်(၁၉.၅)သန်းဖြင့် တိုက်စစ်မှူး အမော်ရီအား ခေါ်ယူခဲ့သည့်လုပ်ရပ်မှာလည်း မှားယွင်းသည်ဟု ထင်ကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။



(အီတလီဘောလုံးသူရဲကောင်း ပေါ်လိုရော့ဆီ)

Source: Goal
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.