Guest. It's 03:44 AM - Myanmar time. Register or Login | Download Myanmar Font 
  
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဆောက်အဦဒီဇိုင်း
Posted on Sep 06 08 - 09:44 AM | Hits : 732 | Save as PDF
ဒူဘိုင်းနိုင်ငံမှ အဆောက်အအုံ ဒီဇိုင်းပညာရှင်တစ်ဦးက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးစေမည့် ပိရမစ်သဏ္ဍန် အဆောက်အအုံ ပုံစံတစ်ခုကို ရေးဆွဲခဲ့သည်။ လက်ရှိအချိန်တွင် ပုံနှိပ်စာရွက်အဖြစ်သာရှိနေသေးသော အဆိုပါအဆောက်အအုံမှာ မကြာမီအချိန်အတွင်း အမှန်တကယ်ဖြစ်လာရန် မျှော်လင့်ကြောင်း ဒီဇိုင်းကုမ္ပဏီ Timelinksက ပြောကြားခဲ့သည်။ ခေတ်ရှေ့ပြေးပုံစံတစ်ခုအဖြစ် လှပခမ်းနားစွာ မွမ်းမံထားမည့် ထိုပိရမစ်ကို မှန်နံရံကြီးများနှင့် ကာရံထားမည်ဖြစ်ပြီး လူတစ်သန်းခန့် နေနိုင်ရန် ဒီဇိုင်းရေးဆွဲထားသည်ဟု သိရသည်။ Zigguartဟု အမည်ပေးထားသည့် အဆိုပါပိရမစ်အဆောက်အအုံ၏ စွမ်းအင်သုံးစွဲမှုကို လေစွမ်းအင်သုံးတာဘိုင်များမှ ဖြည့်ဆည်းသွားမည်ဖြစ်သောကြောင့် ကာဘွန်ထုတ်လွှတ်မှုကို ကာကွယ်နိုင်မည်ဖြစ်သည်။ ထို့အပြင်(၂.၃)စတုရန်းကီလိုမီတာ ကျယ်ဝန်းသော အဆိုပါအဆောက်အအုံကြီးအတွင်း မော်တော်ယာဉ်များသုံးစွဲရန် ခွင့်ပြုမည်မဟုတ်ဘဲ ရထားသံလမ်းများကိုသာ အသုံးပြုသွားမည်ဖြစ်သည်။ ကျယ်ဝန်းလှသော ထိုအဆောက်အအုံကြီးအတွင်း နေထိုင်သူများမှာ ထိုသံလမ်းမှတဆင့် အဆောက်အအုံအတွင်း မြေပြင်အနှံကသွားလာနိုင်မည်သာမက အပေါ်အောက်ပါ အတက်အဆင်းပြုလုပ်နိုင်မည်ဟု ဆိုသည်။ Zigguartမှာသဘာဝ၏စွမ်းအင်ကို အပြည့်အ၀အသုံးချထားသည့် မြို့တော်တစ်ခုသဖွယ် ဖြစ်လာမည်ဟု Timelinksအကြီးအကဲ ရိုင်ဒက်စ် မွန်တိုနစ်ကပြောကြားခဲ့သည်။



Zigguartအတွင်း စွမ်းအင်သုံးစွဲမှုမှာ အလုံအလောက်ရှိနေမည်ဖြစ်ပြီး ပြင်ပစွမ်းအင်အကူအညီကို လိုအပ်မည်မဟုတ်ဟု ၎င်းကဆိုသည်။ အဆောက်အအုံထဲတွင် ရေနွေးငွေ့စွမ်းအင်နှင့် လေအားသုံး တာဘိုင်နည်းပညာများကို အသုံးပြုသွားမည်ဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်အထောက်အကူပြုမည်ဟု မွန်တိုနစ်က ပြောကြားခဲ့သည်။ Zigguartမှာတည်ဆောက်ပုံရှုပ်ထွေးသော်လည်း အများနှင့်သက်ဆိုင်သော အပန်းဖြေအလှအပနေရာများ၊ သီးသန့်ဆန်သော လူနေခန်းများနှင့် စနစ်တကျဖွဲ့စည်းထားကြောင်း သိရသည်။ လက်ရှိအခြေအနေတွင် Carbon Print အဖြစ်သာရှိနေသေးသော်လည်း Zigguart၏သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှုအပြင် အခြားသောအရည်အသွေးများကြောင့် ကမ္ဘာ့နိုင်ငံအရပ်ရပ်မှ ထိုပိရမစ်အဆောက်အအုံအား တည်ဆောက်သွားရန် စိတ်ဝင်စားနေကြကြောင်း Timelinksကုမ္ပဏီက ပြောကြားသွားသည်။

Source: Dailymail
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.