Guest. It's 07:18 PM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ရီမုကွန်ထရိုးလ် သုံးစရာမလိုသည့် TV
Posted on Sep 06 08 - 11:40 AM | Hits : 913 | Save as PDF
နောက်ဆုံးတီထွင်လိုက်သော ရုပ်မြင်သံကြား နည်းပညာသစ်တွင် TVများ၌ အသုံးပြုနေသည့် အဝေးထိန်း ရီမုကွန်ထရိုးလ်များကို အသုံးပြုတော့မည်မဟုတ်ဟု သိရသည်။ TVကြည့်သူအနေဖြင့် ၄င်း၏လက်ကို လှုပ်ရမ်းရုံဖြင့် Functionများကို ထိန်းချုပ်နိုင်တော့မည်ဟု ဆိုသည်။ ကင်းဘရစ်ခ်ျတွင် တိုရှီဘာကုမ္ပဏီမှ ဖွင့်လှစ်ထားသော ဓာတ်ခွဲစမ်းသပ်ခန်းတစ်ခုမှ သိပ္ပံပညာရှင်များက အဆိုပါ အာရုံခံTVအား ဖန်တီးနိုင်ခဲ့ကြခြင်းဖြစ်သည်။ TVတွင်တပ်ဆင်ထားသည့် Web camမှတဆင့် TVကြည့်သူ၏ လက်လှုပ်ရှားမှုကို အာရုံခံကာ Function များကို ပြောင်းလဲပေးသွားမည်ဖြစ်သည်။ ဥပမာအားဖြင့် လက်ဝါးဖြန့် တားဆီးထားသည့် ပုံသဏ္ဍန်မျိုးလုပ်ပြလျင် TVအား Pauseလုပ်ထားနိုင်ပြီး လက်ကို အထက်အောက် ဝှေ့ယမ်းခြင်းဖြင့် အသံအနိမ့်အမြင့်ကို ချိန်ညှိနိုင်မည်ဖြစ်သည်။ အဆိုပါ TVအား ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ယခုသီတင်းပါတ်အတွင်း ပြသထားပြီး ဈေးကွက်တွင် ဖြန့်ဖြူးနိုင်ရန်မူ အချိန်အားဖြင့် (၅)နှစ်မျှကြာမြင့်ဦးမည်ဟု သိရှိရသည်။ ယခု TVပုံစံမျိုးကို သြစတြေးလျနိုင်ငံ Wollongongတက္ကသိုလ်တွင်လည်း အဆိုပါTVမျိုးကို စမ်းသပ်နေပြီဟု သိရှိရပြီး အနာဂါတ်ကာလတွင် သိပ္ပံရုပ်ရှင်ဇာတ်ကားများအတွင်းမှ အာရုံခံTVမျိုး ပေါ်ပေါက်လာတော့မည်ဟု သိရှိရသည်။



Source: Dailymail
Page: 1
မိုက်တယ်....
မိုက်တယ်.... ဒါပေမယ့် သုံးရတာ flexible ဖြစ်ပါ့မလား မသိဘူး...
commented by : Z: | posted date : 06/09/2008
NULL
All is strange in international
commented by : NEVER ZXC | posted date : 06/09/2008

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.