Guest. It's 07:30 AM - Myanmar time. Register or Login | Download Myanmar Font 
  
ဆွဲဆောင်မှုအရှိဆုံး နှုတ်ခမ်းပိုင်ရှင် ကီရာနိုက်တလေ
Posted on Sep 06 08 - 12:05 PM | Hits : 1579 | Save as PDF
ရုပ်ရှင်မင်းသမီး ကီရာနိုက်တလေမှာ ကမ္ဘာပေါ်တွင် ဆွဲဆောင်မှုအရှိဆုံး နှုတ်ခမ်းပိုင်ရှင်အဖြစ် သတ်မှတ်ခံလိုက်ရကြောင်း သိရှိရသည်။ နှုတ်ခမ်းအလှအပပစ္စည်း ကုမ္ပဏီတစ်ခုဖြစ်သော Blistex မှ စာရင်းပြုစုကောက်ခံထားသော စစ်တမ်းများအရ နိုက်တလေမှာ အိန်ဂျလီနာဂျိုလီအား ကျော်ဖြတ်ကာ ပထမနေရာတွင် ရပ်တည်နိုင်ခဲ့သည်ဟု သိရှိရသည်။ ပေါ့ပ်ဂီတအဆိုတော် ကိုင်လီမင်းနော့ဂ်က Blistex မှရွေးချယ်ခဲ့သည့် အမျိုးသမီး (၃၀၀၀)စာရင်းတွင် တတိယရရှိခဲ့သည်။ နိုက်တလေက သူမ၏နှုတ်ခမ်းပါးများမှာ စွဲဆောင်မှုရှိသည်ဟု ယခင်ကသတိမပြုမိကြောင်း ၀န်ခံခဲ့သည်။ Blistex ၏စာရင်းများအရ နှုတ်ခမ်းအလှအပထိန်းသိမ်းမှုတွင် အဆိုးရွားဆုံးအမျိုးသမီးများအဖြစ် ဗြိတိသျှရုပ်ရှင်မင်းသမီး လက်စလီအက်ရှ်၊ အေမီဝိုင်းဟောက်စ်နှင့် ဗြိတိန်မော်ဒယ်လ် ဂျိုဒီမာ့ရှ်တို့ အရွေးချယ်ခံရသည်။ သူမသာအော်စကာဆု ရရှိခဲ့ပါက ကျေးဇူးတင်စကားပြောခွင့်ရသည့်အခါ အလွန်တုန်လှုပ်မိနိုင်ကြောင်း ၀န်ခံထားသည့် နိုက်တလေနှင့်အတူ စကားလက်ဂျိုဟန်ဆန်၊ ဂျင်နီဖာ အနစ္စတန်၊ ဗစ်တိုးရီးယားဘက်ဟမ်းစသော နာမည်ကျော်များမှာ နှုတ်ခမ်းအလှဆုံး (၁၀)ဦးစာရင်းတွင် ရွေးချယ်ခံခဲ့ရသည်။



(စက်တင်ဘာလဆန်းတွင် ရုံတင်သည့် "The Duchess" ဇာတ်ကားမှ ကီရာနိုက်တလေ၏ အလှ)

Blistex ၏ ထိပ်ဆုံးနှုတ်ခမ်းအလှပိုင် ဆယ်ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။

 ၁။ ကီရာနိုက်တလေ

 ၂။ အိန်ဂျလီနာဂျိုလီ

 ၃။ ကိုင်လီမင်းနော့ဂ်

 ၄။ စကားလက်ဂျိုဟန်ဆန်

 ၅။ ဗစ်တိုးရီးယားဘက်ဟမ်း

 ၆။ ဂျင်နီဖာ အနစ္စတန်

 ၇။ကယ်လီဘရွတ်ခ်

 ၈။ ကင်မရွန်းဒိုင်ယက်ဇ်

 ၉။ ဂျက်ဆီကာအယ်လ်ဘာ

၁၀။ ချာလော့တီချားရှ်

Source: Femalefirst

Page: 1
hello
အရမ်းခေတ်မီတယ်ဆိုပဲ
commented by : moengyo | posted date : 09/09/2008

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.