Guest. It's 05:03 AM - Myanmar time. Register or Login | Download Myanmar Font 
  
ဝါဆိုဖယောင်းတိုင်ရုပ်ရှင် ယခုနှစ်ကုန်တွင်ပြသမည်
Posted on Sep 24 08 - 12:13 PM | Hits : 2623 | Save as PDF

ဒါရိုက်တာမိုက်တီး ရိုက်ကူးထား သည့် ၀ါဆိုဖယောင်းတိုင်ရုပ်ရှင် ကားကြီးသည် ဆေးစပ်မှုအနည်း ငယ်မှားယွင်းမှုကြောင့် ဖလင်များ ပျက်စီးသွားပြီး အခက်အခဲများရှိ နေသော်လည်း ယင်းရုပ်ရှင်ကား ကြီးအား ယခုနှစ်ကုန်ပိုင်းတွင် ရုံ တင်ပြသနိုင်ရန် ကြိုးစားနေကြောင်း  Belle myanmar  မှ ထုတ်လုပ်သူ  ဒေါ်နီနီအောင်က 7 Day News  သို့ပြောသည်။

    ““ဒီကားကြီးက ကျွန်မတို့အ တွက် ပထမဆုံးရိုက်တဲ့ကားကြီးပါ။ ခုရိုက်ရက်နှစ်ရက်ကျန်သေးတယ်။ ပြီးတဲ့အခန်းတွေအတွက်က တော့ အားလုံးကို Edit  လုပ် နေပါပြီ။ စောစောပြီးရင် ဒီ နှစ်ကုန်ပိုင်းလောက်မှာ ရုံတင် ဖြစ်မယ်။ပျက်သွားတာက ဖလင်၁၀ဘူးပျက်တာပါ။ပျက် သွားတဲ့ဖလင်တွေအတွက် ရုပ်ရှင် လုပ်ငန်းကတော့ ဆေးပြန်ထည့် ပေးမယ်၊ ပြန်ကောင်းအောင်လုပ် ပေးမယ်လို့ ပြောပါတယ်””ဟု ဒေါ် နီနီအောင်က ပြောသည်။

    ရုပ်ရှင်ကားကြီးများအတွက် အပြင် ပုဂ္ဂလိကကုမ္ပဏီများအနေ ဖြင့် ဖလင်ကူးဆေးနှင့် အသံကူး ပြောင်းလုပ်ငန်းများအား ပြုလုပ် ပေးခြင်းမရှိဘဲ၊ မြန်မာ့ရုပ်ရှင်လုပ် ငန်းတစ်ခုတည်းကသာ တာဝန်ယူ ပြုလုပ်ပေးလေ့ရှိကြောင်းလည်း သိ ရသည်။ ရုပ်ရှင်ကားကြီးများ၌ ဇာတ်ကားပေါ်မူတည်၍ ရုပ်ရှင် ဇာတ်ကားတစ်ကားလျှင် ဖလင်ဘူး ပေါင်း ၆၀ခန့်ကုန်ကျတတ်သည်။

    ဒါရိုက်တာမိုက်တီး ရိုက်ကူး ထားသည့် ၀ါဆိုဖယောင်းတိုင် ဇာတ်ကားတွင် လွင်မိုး၊ လူမင်း၊ ခန့် စည်သူ၊ စိုးမြတ်သူဇာ၊ သင်ဇာ ၀င့်ကျော်၊ မေကဗျာ၊ အေး မတ်သူ တို့ အဓိကပါဝင်သရုပ်ဆောင်ထား ကြပြီး၊ Belle myanmar  ထုတ် လုပ်ရေးအတွက် ပထမဆုံး ပွဲဦး ထွက် ရုပ်ရှင်ကားကြီး တစ်ကား ဖြစ်သည်။


Credit - 7Day News Journal, Vol(7) issue(27)

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.