နာမည်ကျော် ရုပ်ရှင်မင်းသမီး အကယ်ဒမီထက်ထက်မိုးဦးနှင့် ဟစ်ဟော့ပ်အဆိုတော် အနဂ္ဂတို့သည် နှစ်ဦးသဘောတူ တရားဝင် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦး၏ ကွာရှင်းပြတ်စဲခြင်း သတင်းကို စက်တင်ဘာ(၂၆)ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၁၃)တွင် ထက်ထက်မိုးဦးမှ ကြေညာချက် ထည့်သွင်းထားခြင်းဖြစ်သည်။ “ရန်ကုန်မြို့၊ သင်္ဃန်ကျွန်းမြို့နယ်၊ သုဝဏ္ဏအင်ကြင်းမြိုင်လမ်းသွယ် (၂)၊ အမှတ် ၂၁၅-ဘီနေ ကျွန်မမှုန်ရွှေရီ(ထပ်ဆင့်အကယ်ဒမီ ထက်ထက်မိုးဦး)နှင့် အနဂ္ဂတို့သည် စက်တင်ဘာ ၂၃ ရက်က ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်တရားရုံး၊ မြို့နယ်တရားသူကြီး ဒေါ်ညွန့်ညွန့်ဝင်း၏ ရှေ့မှောက်တွင် နှစ်ဦးသဘောတူလက်မှတ်ရေးထိုး ကွာရှင်းခဲ့ပြီးဖြစ်ကြော်း အများပြည်သူနှင့် ကျွန်မ၏ပရိသတ်များ သိစေရန် ကြေညာအပ်ပါသည်”ဟု အဆိုပါကြေညာချက်တွင် ဖော်ပြပါရှိသည်။ ထက်ထက်မိုးဦးနှင့် အနဂ္ဂတို့၏ အိမ်ထောင်ရေးမှာ ပြိုကွဲသည့် သတင်းများထွက်ပေါ်နေသည်မှာ ကြာပြီဖြစ်ပြီး ယခင်ကလည်း သတင်းစာများတွင် အပြန်အလှန် ကြေညာခဲ့ကြသည်။
Ref: 7Day News Journal (Vol. 7, No. 28)
Photo: Zinmedia