Guest. It's 04:31 PM - Myanmar time. Register or Login | Download Myanmar Font 
  
ဝင်ငွေအကောင်းဆုံး စာရေးဆရာမအဖြစ် ဂျေကေရိုးလင်း စံချိန်တင်
Posted on Oct 04 08 - 11:57 AM | Hits : 738 | Save as PDF

ဟယ်ရီပေါ့တား ဇာတ်လမ်းတွဲများနှင့် ထင်ရှားခဲ့သည့် ဗြိတိန်စာရေးဆရာမ ဂျေကေရိုးလင်းသည် ယမန်နှစ်အတွင်း ၀င်ငွေအကောင်းဆုံး စာရေးဆရာမအဖြစ် စံချိန်တင်ခဲ့သည်။ သူမ၏၀င်ငွေသည် (၂၀၀၇)ခုနှစ် ဇွန်လမှ (၂၀၀၈)ခုနှစ်ဇွန်လအတွင်း ပေါင်စတာလင် သန်း(၁၆၀)၀င်ငွေရှိခဲ့သည်။ ထိုပမာဏသည် ဂျေကေရိုးလင်းနှင့်အတူ တစ်နှစ်တာဝင်ငွေအကောင်းဆုံးအဖြစ် သတ်မှတ်ခံရထားရသည့် အခြားစာရေးဆရာ(၉)ဦး၏ ၀င်ငွေစုစုပေါင်းထက် ပိုများသည်။ဂျေကေရိုးလင်းသည် သီတင်းတစ်ပါတ်လျင် ပေါင်စတာလင်(၃)သန်းမျှ ၀င်ငွေရှိခဲ့ကြောင်း စာရင်းများအရ သိရှိခဲ့ရသည်။ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး စာရေးဆရာ (၁၀)ဦးအား စာရင်းပြုစုခဲ့သော Forbesမဂ္ဂဇင်း၏ ဖော်ပြထားမှုအရ အသက်(၄၆)နှစ်အရွယ် စာရေးဆရာမသည် သူမ၏နောက်ဆုံးထုတ် ဟယ်ရီပေါ့တားစာအုပ်တွင်လည်း အထူးအောင်မြင်မှု ရရှိခဲ့ပြီး ထိုစာအုပ်သည် ကမ္ဘာအရပ်ရပ်တွင် အုပ်ရေ(၃၇၅)သန်းကျော်မျှ ရောင်းချထားပြီးဖြစ်သည်။



Forbes၏ စာရင်းတွင်ပါဝင်သော အခြားထိပ်တန်းနာမည်ကျော် စာရေးဆရာများဖြစ်သည့် ဂျိမ်းစ်ပက်တာဆန်၊ စတီဖင်ကင်း၊ တွမ်ကလန်ဆီ၊ ဒန်နီယယ်လ်စတီးလ်၊ ဂျွန်ဂရစ်ရှန်၊ ဒင်းကွန်းဇ်၊ ကန်ဖောလတ်၊ ဂျနတ်အီဗာနိုဗစ်ခ်ျ၊ နီကိုလတ်စပက်ခ်တို့ အားလုံးပေါင်းဝင်ငွေမှာ ပေါင်စတာလင် (၁၂၆)သန်းမျှသာရှိသည်။ ဂျေကေရိုးလင်းသည် သူမ၏စာရေးခြင်းအတတ်သာမက သူမ၏စီးပွားရေးဆိုင်ရာ အတွေးခေါ်ရင့်သန်မှုကြောင့်ပါ ယခုလိုဝင်ငွေကောင်းခြင်းဖြစ်သည်ဟု ချီးကျူးပြောဆိုခဲ့သည်။ သူမအနေနှင့် ဟယ်ရီပေါ့တားစာအုပ်များ ရောင်းချရငွေမှ ရာခိုင်နှုန်းဖြင့် အကျိုးအမြတ်ခံစားနေရပြီး ဟယ်ရီပေါ့တားဇာတ်လမ်းတွဲများ ရုပ်ရှင်ရိုက်ကူးရာမှလည်း နောက်ထပ်ဝင်ငွေများရရှိခဲ့သေးသည်။ လန်ဒန်၊ အီဒင်ဘတ်နှင့် ပါ့သ်မြို့များတွင် နေအိမ်များဝယ်ယူထားသော ဂျေကေရိုးလင်း၏ ၀င်ငွေပမာဏမှာ ယခုထက်ပိုမိုများပြားနိုင်ကြောင်း Forbesက ခန့်မှန်းထားသည်။ အထူးသဖြင့် ဟယ်ရီပေါ့တားဇာတ်ကားများသည် အမြတ်ငွေပေါင်စတာလင် (၃)ဘီလျံကျော်မျှ ရရှိထားနိုင်သောကြောင့် ထိုရုပ်ရှင်ဇာတ်လမ်းများမှ ဂျေကေရိုးလင်းအနေနှင့် ရာခိုင်နှုန်းမည်မျှ ရရှိနိုင်သေးသည်ကို မခန့်မှန်းနိုင်ကြောင်း Forbes၏အစီရင်ခံစာတွင် ထည့်သွင်းရေးသားထားသည်။

Source: Dailymail

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.