လင်းဆေးလိုဟန်က သူမနှင့် ဆမန်သာတို့သည် ကလေးတစ်ဦး မွေးစားသွားရန် စဉ်းစားနေကြောင်း ပြောကြားထားသည်။ အသက်(၂၂)နှစ်အရွယ် ဟောလီးဝုဒ်စတား အဆိုတော်၊ မင်းသမီးသည် သူမနှင့် ဆမန်သာရွန်ဆန်တို့ အမျိုးသမီးချင်း အတူနေချစ်သူများ ဖြစ်နေကြကြောင်း တရားဝင်ဝန်ခံထားသူဖြစ်ပြီး ယခုအခါတွင်မူ နှစ်ဦးသဘောတူ ကလေးမွေးစားရန် ပြင်ဆင်နေခြင်းဖြစ်သည်။ မိမိတို့နှစ်ဦးလုံး လက်ထပ်ရန် စဉ်းစားထားပြီးဖြစ်သလို အနာဂါတ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း လိုဟန်ကဆိုသည်။ သူမအနေနှင့် အသက်(၂၂)သာရှိသေးသော်လည်း ကလေးတစ်ဦးကို ကောင်းစွာအုပ်ထိန်းနိုင်မည့် မိခင်ကောင်းတစ်ဦး ဖြစ်လာနိုင်မည်ဟု ယုံကြည်ထားကြောင်း လင်းဆေးလိုဟန်က ထုတ်ဖော်ပြောကြားသွားသည်။

(လင်ဆေးလိုဟန်နှင့်ဆမန်သာ)
Marie Claire မဂ္ဂဇင်းကြီးထံသို့ လိုဟန်ကပြောကြားခဲ့ရာတွင် ကလေးတစ်ဦးမွေးစားရန် သူမအနေနှင့် ဆန္ဒပြင်းပြနေကြောင်း၊ သို့သော်လည်း ထိုကလေးမှာ နိုင်ငံရပ်ခြားမှ ဟုတ်မဟုတ် မသေချာသေးကြောင်း ပါရှိသည်။ အကယ်၍ သူမသာအမှန်တကယ် ကလေးငယ်တစ်ဦး မွေးစားဖြစ်ပါက ဘရတ်ပစ်၊ အိန်ဂျလီနာဂျိုလီ၊ တွမ်ခရုစ်၊ နစ်ကိုးလ်ကစ်ဒ်မင်း၊ ရှယ်ရွန်စတုန်း၊ ရှာလီခရိုး၊ ကယ်စ်စတာ လော့ဟတ်ခ်နှင့် မိုရာဖယ်ရိုတို့ကဲ့သို့ ကလေးမွေးစားသည့် ဟောလီးဝုဒ်စတားတစ်ဦး ဖြစ်လာမည်ဖြစ်သည်။ လိုဟန်က သူမနှင့်ဆမန်သာတို့ အမျိုးသမီးချင်းအတူနေမှုအား ဝေဖန်မှုများရှိနေခြင်းအပေါ် လူတိုင်းမိမိစိတ်ကြိုက် ပြုမုနေထိုင်နိုင်ကြောင်း၊ သူမ၏ရွေးချယ်မှုမှာ မည်သူ့ကိုမှ ထိခိုက်မှုမရှိကြောင်း တုန့်ပြန်ခဲ့သည်။ ထို့ပြင် သူမနှင့်ဆမန်သာတို့ နှစ်ဦးလုံး၏ သဘောတူညီမှုအရ ကလေးငယ်တစ်ဦး သေချာပေါက်မွေးစားနိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုသွားခဲ့သည်။
Source: Dailymail