ပင်မလာအင်ဒါဆန်က သူမသည် စံပြအနုပညာရှင်တစ်ဦးအနေနှင့် အကောင်းဆုံးအရည်အသွေးများကို ပိုင်ဆိုင်ထားသူတစ်ဦးအဖြစ် မိမိကိုယ်ကို ယုံကြည်ထားကြောင်း ပြောကြားသွားသည်။ အသက်(၄၁)နှစ်ရှိပြီဖြစ်သော ပင်မလာအန်ဒါဆန်က လက်ရှိအချိန်တွင် ဟောလီးဝုဒ်သို့ စတင်ခြေချလာသည့် အနုပညာရှင်အသစ်လေးများအတွက် သူမသည် အတုယူစရာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ပင်မလာအန်ဒါဆန်ကဆိုသည်။ လက်ရှိသူမ၏အသက်အရွယ်ထိ Celebrityတစ်ဦးအဖြစ် ရပ်တည်နိုင်ဆဲဖြစ်သည်ဟု ပင်မလာအင်ဒါဆန်ကပြောဆိုခဲ့သည်။ Bay Watchရုပ်မြင်သံကြား ဇာတ်လမ်းတွဲများနှင့် နာမည်ကျော်ကြားခဲ့သူ ပင်မလာအင်ဒါဆန်သည် သူမ၏ခင်ပွန်းဟောင်း တော်မီလီနှင့် ကလေးနှစ်ယောက် မွေးဖွားထားခဲ့သည်။ ပင်မလာအင်ဒါဆန်က သူမသည်အလုပ်ကို အကောင်းဆုံးဖြစ်အောင် အမြဲတမ်းကြိုးစားလုပ်ဆောင်တတ်ကြောင်း၊ သူမ၏အနုပညာလုပ်ငန်းများမှ အနားယူမည့်အချိန်ထိ ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Celebrityတစ်ဦးအနေနှင့် မိမိကိုယ်ကို ယုံကြည်မှုရှိရန် အလွန်အရေးကြီးကြောင်း၊ မိမိသည် အနုပညာရှင်သစ်များအတွက်သာမက အမျိုးသမီးများအားလုံးအတွက် စံပြသဖွယ်ပင်ဖြစ်ကြောင်း၊ မိမိ၏အလုပ်ကို အကောင်းဆုံးဆောင်ရွက်ခြင်းကြောင့်သာ ယခုအချိန်ထိ ဟောလီးဝုဒ်၏ ပြယုဂ်တစ်ခုသဖွယ် ရပ်တည်နေနိုင်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
Source: Femalefirst