Guest. It's 04:22 PM - Myanmar time. Register or Login | Download Myanmar Font 
  
အင်္ဂလန်အသင်းလူစာရင်းတွင် မိုက်ကယ်အိုဝင်အား ချန်လှပ်ထားခဲ့
Posted on Oct 06 08 - 04:14 PM | Hits : 409 | Save as PDF

အင်္ဂလန်ဘောလုံးအသင်း မန်နေဂျာဖြစ်သူ ဖေဘီယိုကာပယ်လိုက ၎င်း၏(၂၃)ဦးလူစာရင်းတွင် အင်္ဂလန်၏ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်သော မိုက်ကယ်အိုဝင်အား ထည့်သွင်းခဲ့ခြင်း မရှိကြောင်း သိရှိရသည်။ ကာပယ်လို၏ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင် အင်္ဂလန်အသင်း လူစာရင်းတွင် လော့စ်အိန်ဂျလိစ် ဂလက်ဆီအသင်းမှ ကွင်းလယ်ကစားသမား ဒေးဗစ်ဘက်ဟမ်းကို ပြန်လည်ရွေးချယ်ထားကြောင်း သိရှိရသည်။ ကာပယ်လိုက အသက်(၂၈)နှစ်အရွယ် နယူးကာဆယ်လ် တိုက်စစ်မှူး မိုက်ကယ်အိုဝင်အား ကြံ့ခိုင်မှုအနေအထားကြောင့် မရွေးချယ်ရန်ဆုံးဖြတ်ခဲ့ကြောင်း၊ မိမိသည် အင်္ဂလန်အသင်း မန်နေဂျာဖြစ်ပြီး အသင်းအတွက် အမှန်တကယ် အကျိုးရှိမည့် လူစာရင်းကိုသာ ဆုံးဖြတ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အင်္ဂလန်အတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ရသော ပီတာခရော့ခ်ျ၊ ၀ိန်းရွန်နီ၊ အီမီလီဟက်စကီးနှင့် ဂျာမိန်းဒီဖိုးတို့အား ရွေးချယ်ထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အင်္ဂလန်အသင်းသည် ၄င်းတို့၏ ခါးသီးသောပြိုင်ဘက် ခရိုအေးရှားအသင်းကို အဝေးကွင်းတွင် ဂိုးပြတ်အနိုင်ရရှိပြီးနောက်ပိုင်း ဖိအားများအောက်မှ ရုန်းထွက်နိုင်ခဲ့သော်လည်း အိုဝင်အား မရွေးချယ်ခဲ့ခြင်းအပေါ် ကာပယ်လိုအား ဝေဖန်မှုများ ပေါ်ပေါက်လျက်ရှိသည်။



အင်္ဂလန်ပရိသတ်များကမူ နိုင်ငံတကာပွဲ (၈၉)ပွဲကစားပြီး ဂိုးပေါင်း(၄၀)မျှ အင်္ဂလန်အသင်းအတွက် သွင်းယူပေးထားသူ လီဗာပူးလ်နှင့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်းအစား လက်ရွေးစင်အသင်းအတွက် ထူးထူးခြားခြား စွမ်းဆောင်မှုများ ပြုလုပ်ပြနိုင်ခြင်းမရှိသေးသော ဒီဖိုးကိုရွေးချယ်ခြင်းအပေါ် မကျေနပ်ကြချေ။ ကာပယ်လိုကမူ ယခုရွေါ်ချယ်မှုသည် ၎င်း၏ကိုယ်ပိုင် အတွေးအခေါ်အတိုင်း အသင့်တော်ဆုံး အခြေအနေအား ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။ ထို့အပြင် ကာပယ်လိုနည်းပြအဖြစ် ကိုင်တွယ်နေမည့် သက်တမ်းတလျှောက် မိုက်ကယ်အိုဝင်အနေနှင့် အင်္ဂလန်အတွက် ကိုယ်စားပြုခွင့် ရဖွယ်မရှိဟူသော ခန့်မှန်းချက်များလည်း ထွက်ပေါ်လျက်ရှိသည်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FAကမူ အိုဝင်ကိစ္စအတွက် တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း သိရှိရသည်။ အင်္ဂလန်အသင်းသည် နိုဝင်ဘာလ(၁၉)ရက်နေ့တွင် ဘာလင်မြို့၌ ဂျာမနီအသင်းနှင့် ခြေစမ်းကစားသွားရန်ရှိနေပြီး ထိုပွဲအပြီးတွင်မူ နောက်နှစ်မတ်လအထိ နိုင်ငံတကာပွဲများကစားရန် စီစဉ်ထားမှုမရှိကြောင်း သိရှိရသည်။

Source: BBC

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.