Guest. It's 09:02 PM - Myanmar time. Register or Login | Download Myanmar Font 
  
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအီ လူမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာ
Posted on Oct 06 08 - 04:23 PM | Hits : 416 | Save as PDF

အောက်တိုဘာလ(၄)ရက်နေ့က ကျင်းပပြုလုပ်သော တက္ကသိုလ်အဆင့် ဘောလုံးပွဲစဉ်တစ်ခုတွင် တက်ရောက်အားပေးခဲ့ခြင်းဖြင့် ၎င်းနှင့်ပတ်သတ်ပြီး အမျိုးမျိုးထွက်ပေါ်နေသော ကောလဟာလများအား မြောက်ကိုရီးယားနိုင်ငံ အကြီးအကဲကင်ဂျုံအီက အဆုံးသတ်ပေးလိုက်သည်။ ကင်ဂျုံအီသည် ကာလအတန်ကြာမျှ လူမြင်ကွင်းတွင် ပျောက်ကွယ်နေခဲ့ပြီးနောက် မြောက်ကိုရီးယားကွန်မြူနစ်နိုင်ငံ ထူထောင်နိုင်ခဲ့သော နှစ်(၆၀)ပြည့်နှစ်ပါတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ရန်ပျက်ကွက်ခဲ့ပြီးနောက် အမေရိကန်ထောက်လှမ်းရေးက မြောက်ကိုရီးယားအာဏာရှင် ကင်အနေနှင့် ကျန်းမာရေးအလွန်အမင်း ဆိုးရွားနေဖွယ်ရှိကြောင်း ခန့်မှန်းခဲ့သည်။ ထို့အပြင်ဂျပန်တက္ကသိုလ်တစ်ခုမှ ပါမောက္ခတစ်ဦးကလည်း အဆိုပါကွန်မြူနစ်စစ်ခေါင်းဆောင်မှာ သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းနှင့် ရုပ်ရည်ချင်း ဆင်တူသူများကို လှည့်စားအသုံးပြုနေခြင်းဖြစ်ကြောင်း မှန်းဆခဲ့အပြီး ကင်ဂျုံအီနှင့် ပတ်သတ်သော သတင်းမျိုးစုံ ထွက်ပေါ်နေခဲ့သည်။ ယခုအခါတွင်မူ အသက်(၆၆)နှစ်ရှိပြီဖြစ်သော ကင်အနေနှင့် ပြည်သူလူထုရှေ့သို့ ပေါ်ပေါ်ထင်ထင် ပြန်လည်ထွက်လာခဲ့ပြီဖြစ်သည်။ မြောက်ကိုရီးယားအာဏာပိုင်များက မစ္စတာကင်အနေနှင့် ထိုဘောလုံးပွဲကို တက်ရောက်အားပေးခဲ့ကြောင်း အတည်ပြုပြောကြားသွားခဲ့ပြီး မစ္စတာကင်တစ်ယောက် အလွန်အမင်း မမာမကျန်းဖြစ်နေခဲ့သည်ဟူသော သတင်းများကို ငြင်းဆန်သွားကြောင်း သိရှိရသည်။

Source: CanadaNews

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.