Guest. It's 05:21 PM - Myanmar time. Register or Login | Download Myanmar Font 
  
ဗြိတိန်အစိုးရ၏ (GCHQ)မှစောင့်ကြည့်ရေး အစီအစဉ်ပေါက်ကြား
Posted on Oct 07 08 - 10:07 AM | Hits : 335 | Save as PDF

ဗြိတိန်အစိုးရသည် နိုင်ငံအတွင်းရှိ ပြည်သူများ၏ တယ်လီဖုန်းခေါ်ယူမှုများ၊ အီးမေးလ်ပေးပို့မှုများ၊ Text messageများအားလုံးကို စောင့်ကြည့်သွားတော့မည်ဟုသိရသည်။ ပေါင်စတာလင် (၁၂)ဘီလျံမျှ အကုန်အကျခံမည့် အဆိုပါအစီအစဉ်သစ်ကို GCHQ(Government Communications Headquarters)တွင် အခြေစိုက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတ၀ှမ်းမှ ၀က်ဘ်ဆိုက်များကြည့်ရှုမှုအပါအ၀င် Onlineထိန်းချုပ်မှုများအားလုံးကို စနစ်တကျ စောင့်ကြည့်သွားရန်အတွက် လျှို့ဝှက်ဆောင်ရွက်နေကြောင်း သိရှိရသည်။ ထို့အတူ တယ်လီဖုန်းလိုင်းများနှင့် ကွန်ပျူတာကွန်ယက်များအတွင်း ရာပေါင်းများစွာသော ကြားဖြတ်ဖမ်းယူမှု အစီအမံများ ထည့်သွင်းသွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။ လက်ရှိအချိန်တွင် အခွန်ထမ်းပြည်သူများ၏ ငွေကြေးပေါင်စတာလင် တစ်ဘီလျံမျှကို Databaseတည်ဆောက်ရေးအတွက် (GCHQ)မှ လက်ခံရရှိထားပြီးဖြစ်သည်။ ထိုလျှို့ဝှက်ချက်မှာ မကြာသေးမီက ပေါက်ကြားသွားပြီးနောက် ဗြိတိန်အစိုးရအနေနှင့် ပြည်သူများ၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို ထိပါးနှောင့်ယှက်ရန် ကြံစည်နေသည်ဟူသော စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည်။



(လန်ဒန်ရှိGCHQအဆောက်အဦ)

ထိုကိစ္စသည် လူမှုရေးလွတ်လပ်ခွင့်အား အပြည့်အ၀ ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ထိုအစီအမံသည် ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို တိတ်တဆိတ် ခိုးယူရန်ကြံစည်ခြင်းဖြစ်ကြောင်း၊ သူတပါး၏ ကိုယ်ရေးကိုယ်တာကို စပ်စုမှုသည် ခွင့်မလွှတ်နိုင်သည့် ရာဇ၀တ်မှုတစ်ခုဖြစ်ကြောင်း ပြည်သူတစ်ဦးက ပြောကြားသွားသည်။ အစိုးရပိုင်းကမူ အဆိုပါစွပ်စွဲမှုများကို ငြင်းဆိုခဲ့ပြီး နိုင်ငံအတွင်းရှိ ပြည်နယ်အသီးသီးတွင် အစိုးရအနေနှင့် ပိုမိုထိရောက်စွာ အုပ်ချုပ်နိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်မှုသာဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။ အထူးသဖြင့် ဗြိတိန်နိုင်ငံအ၀ှမ်းရှိ ရာဇ၀တ်မှုများကို ကြိုတင်သိရှိနိုင်ပြီး တားဆီးကာကွယ်သွားရန်နှင့် အချို့ဗြိတိသျှမိသားစုများအတွင်း ပေါ်ပေါက်လျက်ရှိသော ကလေးငယ်များ၏ အခွင့်အရေးများ ဆုံးရှုံးနေမှုစသော ပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေးအတွက်သာ ကြံရွယ်ထားကြောင်း ဖော်ပြထားသည်။ ယခင်အခြေအနေများတွင် ပြည်သူလူထုအတွင်း ဖြစ်ပေါ်နေသော ပြဿနာများနှင့်၊ အရှုပ်အထွေးများကို စုံစမ်းရာတွင် အားနည်းမှုများရှိခဲ့ကြောင်း၊ ထိုအခြေအနေများကို ကုစားသွားနိုင်ရန်အတွက် ရည်ရွယ်ပြီး ယခုအစီအစဉ်ကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း အစိုးရဘက်မှ ကာကွယ်ပြောဆိုခဲ့သည်။ ထွက်ပေါ်နေသော သတင်းများအရ ဗြိတိန်နိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံးသော ထောက်လှမ်းရေး စီမံကိန်းကြီးဖြစ်လာမည့် အဆိုပါအစီအစဉ်တစ်ရပ်လုံးကို ဆာဒေးဗစ်ပက်ပါ ကိုင်တွယ်နေသည့် (GCHQ)အဖွဲ့ကြီးမှ အလုံးစုံတာဝန်ယူသွားမည်ဟု သိရှိရသည်။

Source: DailyExpress

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.