Guest. It's 08:51 PM - Myanmar time. Register or Login | Download Myanmar Font 
  
ဘရတ်ပစ်နှင့်ဂျိုလီတို့အား အတူယှဉ်တွဲလျက် ပြန်လည်တွေ့မြင်ရ
Posted on Oct 07 08 - 10:17 AM | Hits : 807 | Save as PDF

ဇူလိုင်လအတွင်းက အမြွှာကလေးငယ်နှစ်ဦးကို မွေးဖွားအပြီး အင်ဂျလီနာဂျိုလီနှင့် ဘရတ်ပစ်တို့စုံတွဲသည် ပထမဆုံးအကြိမ် လူမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာကြောင်း သိရှိရသည်။ အင်ဂျလီနာဂျိုလီပါဝင်မည့် Changelingရုပ်ရှင်အထူးပွဲသို့ နှစ်ဦးယှဉ်တွဲတက်ရောက်ပြီး ၎င်းတို့အကြား ဆက်ဆံရေး ဆိုးရွားနေသည်ဟူသော ကောလဟာလများကို တုန့်ပြန်ခဲ့သည်။ နယူးယော့ခ်မြို့တွင် ကျင်းပခဲ့သော အဆိုပါရုပ်ရှင်အထူးပွဲတွင် ဂျိုလီသည် အနက်ရောင်ကိုယ်ကျပ်ဝတ်စုံနှင့် အလွန်လှပနေခဲ့သည်ဟု သူမအားတွေ့ရှိခဲ့သူများက ပြန်လည်ပြောပြခဲ့သည်။ ထို့ပြင် အင်ဂျလီနာဂျိုလီ၏ လက်မောင်းတွင် ရေးထိုးထားသော ဆေးမင်ကြောင်တွင် စာတန်းအသစ်နှစ်ကြောင်း ထပ်တိုးနေခဲ့ပြီး သူမ၏အမြွှာကလေးငယ်နှစ်ဦးဖြစ်သော ဗီဗီယန်နှင့် နော့စ်တို့၏မွေးဖွားရာဒေသအား လတ္တီတွဒ်၊ လောင်ဂျီတွဒ်များဖြင့် အတိအကျရေးမှတ်ထားကြောင်း သိရှိရသည်။ အဆိုပါပွဲတွင် အင်ဂျလီနာဂျိုလီသည် ပစ်နှင့်အတူတွဲပြီး ဓာတ်ပုံအရိုက်ခံခဲ့သည်။ ထို့ပြင် ပစ်ကသူမအား တီးတိုးပြောဆိုနေသည့်ပုံကို သတင်းထောက်များက အမိအရရိုက်ယူထားပြီး ဟောလီးဝုဒ်နာမည်ကျော်စုံတွဲမှာ တစ်ဦးကိုတစ်ဦး အလွန်ချစ်ခင်ကြဟန်ရှိကြောင်း ဖော်ပြခဲ့ကြသည်။ ထိုပွဲမတိုင်မီညက သူမအနေနှင့် စိတ်ကျဝေဒနာခံစားနေရသည်ဟူသော သတင်းများကို ဂျိုလီကအခြေအမြစ်မရှိကြောင်း ငြင်းချက်ထုတ်ပြန်ခဲ့ပြီး နယူးယော့ခ်မြို့တွင် ကျင်းပခဲ့သည့် ရုပ်ရှင်အထူးပွဲတွင်မူ သူမတို့စုံတွဲ တစ်ဦးကိုတစ်ဦး ချစ်ခင်မြတ်နိုင်ဆဲဖြစ်ကြောင်း ပြသခဲ့သည်။ ဂျိုလီက သူမအနေနှင့် Changelingရုပ်ရှင်နောက်ပိုင်း အနုပညာလုပ်ငန်းများကို ဆက်တိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မီးဖွားပြီးနောက်ပိုင်း စုံတွဲပထမဆုံးအတူ လူမြင်ကွင်းထွက်လာသည့် ရုပ်ရှင်အထူးပွဲတွင် သတင်းထောက်များအား ပြောကြားသွားသည်။

Source: Dailymail

Page: 1
အော်...တော်တော်ထူတဲ့ သတင်း
လင်းမယား နှစ် ယောက် ချစ်ချစ် ခင် အတူတွဲ တွေ့လိုက်ရတာများ... သိကြားမင်း ဆင်းလာတာကြလို့... အနောက်တိုင်း မီဒီယာတွေ ဖွချက်ကတော့....
commented by : Sahara | posted date : 09/10/2008

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.