Guest. It's 09:33 PM - Myanmar time. Register or Login | Download Myanmar Font 
  
မန်စီတီးအသင်း အွန်နရီအား ခေါ်ယူနိုင်ရန်ပြင်ဆင်လျက်ရှိ
Posted on Oct 07 08 - 10:29 AM | Hits : 364 | Save as PDF

အင်္ဂလန်ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်သော မန်ချက်စတာစီးတီးအသင်းသည် စပိန်ထိပ်သီးကလပ် ဘာစီလိုနာတွင် ကစားနေသော ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး သီအာရီအွန်နရီအား ခေါ်ယူနိုင်ရန် ပြင်ဆင်လျက်ရှိသည်။ အာစင်နယ်အသင်း၏ အသင်းခေါင်းဆောင် ဖြစ်ခဲ့ဖူးပြီး အသင်းပရိသတ်များက မဲပေးရွေးချယ်ခဲ့သည့် သမိုင်းတလျှောက် အကောင်းဆုံး အာစင်နယ်ဘောလုံးသမားဆုကို လက်ခံရရှိထားသည့် အွန်နရီအနေနှင့် စပိန်မြေသို့ ပြောင်းရွှေ့ခဲ့အပြီး မျှော်မှန်းသလောက် အောင်မြင်မှုမရခဲ့ချေ။ အဘူဒါဘီကုမ္ပဏီမှ ၀ယ်ယူအပြီး အသင်းအား အင်အားဖြည့်တင်းရန် စီစဉ်နေသော မန်ချက်စတာစီးတီးအသင်းသည် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးအား လိုအပ်နေဆဲဖြစ်သောကြောင့် အသက်(၃၁)နှစ်အရွယ် အွန်နရီအား ၎င်း၏အောင်မြေဖြစ်ခဲ့သော ပရီးမီးယားလိဂ်သို့ ပြန်လည်ခေါ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ မန်ချက်စတာစီးတီးတိုက်စစ်တွင် အသက်(၂၀)အရွယ် ဘရာဇီးလ် လက်ရွေးစင်ဂျို ရှိနေသော်လည်း နည်းပြဖြစ်သူ မာ့ခ်ဟုဂ်ျအနေနှင့် ရှေ့တန်းလူများ လိုအပ်နေဆဲဖြစ်ကြောင်း ၀န်ခံခဲ့သည်။ ပရီးမီးယားလိဂ်တွင် လီဗာပူးလ်အား (၃-၂)ဖြင့် ရှုံးနိမ့်အပြီး အသင်းပိုင်ရှင်များအနေနှင့် မန်ချက်စတာစီးတီးအတွက် အင်အားဖြည့်တင်းမှုများ ပြုလုပ်နိုင်ရန် ပိုမိုအာရုံစိုက်လာကြသည်။ မာ့ခ်ဟုဂ်ျက ၎င်းတို့အသင်းသည် အွန်နရီအား  စိတ်ဝင်စားနေကြောင်း အတည်ပြုခဲ့သလို ဇန်န၀ါရီ အပြောင်းအရွှေ့ကာလအတွင်း ဂိုးသမားတစ်ဦးနှင့် ထိပ်တန်းဘယ်တောင်ပံ နောက်ခံလူတစ်ဦးအား ၀ယ်ယူသွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ ဟုဂ်ျက အသင်းတစ်သင်းအတွက် အောင်မြင်မှုရရှိနိုင်ရန် သင့်လျော်သော အင်အားဖြည့်တင်းမှုများ ပြုလုပ်သွားရန်လိုအပ်ကြောင်း၊ မိမိတို့အသင်းသည် ကံကောင်းထောက်မမှုကြောင့် အလွန်ကြွယ်ဝသော ပိုင်ရှင်များ၏ လက်အောက်တွင် ရောက်ရှိနေခဲ့ပြီး လိုအပ်သော အထောက်အပံ့များ အပြည့်အ၀ရရှိနေကြောင်း၊ ဇန်န၀ါရီလအတွင်း အွန်နရီအပါအ၀င် ထိပ်တန်းကစားသမားအချို့အား အသင်းသို့ခေါ်ယူနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

Source: Dailymail

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.