Guest. It's 09:48 PM - Myanmar time. Register or Login | Download Myanmar Font 
  
ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်
Posted on Oct 07 08 - 11:49 AM | Hits : 630 | Save as PDF

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြံပေးအရာရှိချုပ် ဖက်ဟရူဒင်အာမက်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးသည် အောက်တိုဘာလ(၇)ရက်နေ့တွင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ (၃)ရက်ကြာ ချစ်ကြည်ရေးခရီး အလည်အပတ် သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးအနေနှင့် အဖွဲ့ဝင်(၅၅)ဦးပါဝင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားမည်ဖြစ်ပြီး ထိုချစ်ကြည်ရေးအဖွဲ့တွင် မြန်မာနိုင်ငံ အစိုးရအဖွဲ့ဝင် ၀န်ကြီး(၇)ဦးပါဝင်ကြောင်း သိရှိရသည်။ ချစ်ကြည်ရေးခရီးစဉ်အတွင်း ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးအနေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြံပေးအရာရှိချုပ် ဖက်ဟရူဒင်အာမက်နှင့် နှစ်နိုင်ငံအရေး နှီးနှောဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။ နှစ်နိုင်ငံအကြား နယ်နိမိတ်လုံခြုံရေး အခြေအနေများနှင့် နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေးကိစ္စများအတွက် ဆွေးနွေးမှုများ ပြုလုပ်သွားနိုင်ရန် ယခုခရီးစဉ်အား စီစဉ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆေးဝါးများ မြန်မာနိုင်ငံသို့တင်သွင်းရေးနှင့် နှစ်နိုင်ငံဆက်သွယ်ရေး လွယ်ကူချောမွေ့စေမည့် လမ်းပိုင်းတစ်ခု တည်ဆောက်သွားနိုင်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဟု သိရှိရသည်။ ချစ်ကြည်ရေးခရီးစဉ်အတွင်း ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးအနေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အထင်ကရနေရာများသို့ အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (၂၀၀၂)ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး (၂၀၀၃)ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ကလာဒီဇီယာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ စာရင်းဇယားများအရ မြန်မာ နှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြား ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာသန်း(၆၀)ခန့်မျှရှိပြီး ဖြစ်ပြီး နှစ်နိုင်ငံအစိုးရများအနေဖြင့် ကုန်သွယ်မှုတန်ဖိုး ပမာဏကို ဒေါ်လာသန်း(၁၀၀)ခန့်အထိ ရောက်ရှိလာနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

Ref: XinhuaNet, M&C, ကြေးမုံ

Page: 1
NULL
beggar meets beggar
commented by : myochitma | posted date : 08/10/2008

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.