Guest. It's 10:31 PM - Myanmar time. Register or Login | Download Myanmar Font 
  
ဂျိမ်းစ်ဘွန်းမင်းသား၏ပုံစံအား ကလေကချေနှင့်တူသည်ဟု ဝေဖန်နေကြ
Posted on Oct 07 08 - 02:40 PM | Hits : 1026 | Save as PDF

နာမည်ကျော် ဗြိတိန်ထောက်လှမ်းရေး အေးဂျင့် ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ခွင့်ရထားသူ ဟောလီးဝုဒ်မင်းသား ဒယ်နီယယ်လ်ခရိတ်ဂ်ျမှာ အိမ်ခြေယာမဲ့ ကလေကချေတစ်ဦးနှင့် တူနေသည်ဟူသော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ခရိတ်ဂ်ျတစ်ယောက် Fleming အထိမ်းအမှတ်ပြပွဲသို့ တက်ရောက်လာခဲ့စဉ် မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေး ကျိုးတိုးကျဲတဲနှင့် မသေမသပ်ပုံစံမျိုးဖြစ်နေခြင်းကြောင့် ပရိသတ်များက ယခုလိုဝေဖန်ခဲ့ကြခြင်းဖြစ်သည်။ ဂျိမ်းဘွန်းဇာတ်လမ်းတွဲများတွင် သရုပ်ဆောင်ခွင့်ရရှိထားသော နောက်ဆုံးမင်းသားဖြစ်သည် ခရိတ်ဂ်ျသည် James-Bondနှင့် မတူဘဲ Vaga-Bond(အိမ်ယာမဲ့ လူလေလူလွင့်) တစ်ဦးနှင့်သာတူနေသည်ဟု ဝေဖန်မှုများ ပေါ်ပေါက်လာခဲ့သည်။ ထို့ပြင်ကရိတ်ဂ်ျသည် ၎င်း၏နောက်ဆုံး ဂျိမ်းစ်ဘွန်းရုပ်ရှင်အား ရိုက်ကူးနေစဉ်အတွင်း ထိခိုက်မှုတစ်ခုကြောင့် လက်ကိုစလွယ်သိုင်းထားရသေးသည်။



(ခရိတ်ခ်နှင့် မစ်ချယ်လ်)

ချစ်သူ ဆတ်ဆူကီမစ်ချယ်လ်နှင့် အတူတက်ရောက်လာသော ခရိတ်ဂ်ျ၏ပုံစံမှာ စိတ်ပျက်ဖွယ်ဖြစ်ကြောင်း ၎င်း၏ပရိသတ်များက စိတ်ပျက်လက်ပျက် ပြောဆိုနေခဲ့ကြသည်။ ခရိတ်ဂ်ျသည် ဂျိမ်းစ်ဘွန်းရုပ်ရှင် Casino Royaleနှင့် အထူးအောင်မြင်မှုရရှိခဲ့ပြီးနောက် စစ်တမ်းတစ်ခုတွင် ယခင်ဇာတ်ဆောင်များဖြစ်သည့် ရှောင်ကွန်နရီ၊ ပီယားစ်ဘရော့စ်နန်တို့ကဲ့သို့ ထိပ်ထိပ်ကြဲများကိုကျော်ကာ ဂျိမ်းစ်ဘွန်းဇာတ်ရုပ်နှင့် အလိုက်ဖက်ဆုံး သရုပ်ဆောင်အဖြစ် ဖော်ပြခြင်းခံခဲ့ရဖူးသည်။ ကရိတ်ဂ်ျ၏ပရိသတ်များက နာမည်ကျော်တစ်ဦးအနေနှင့် ၎င်း၏အဆင်အပြင်ကို ဂရုစိုက်သင့်သည်ဟု ဝေဖန်အကြံပြုနေကြသည်။ ခရိတ်ဂ်ျသည် ဂျိမ်းစ်ဘွန်းဇာတ်လမ်းများတွင် တတ်နိုင်သမျှ လူစားထိုးသရုပ်ဆောင်မှုကို ရှောင်ကြဉ်ပြီး ကိုယ်တိုင်ဝင်ရောက်စွန့်စားလေ့ရှိသဖြင့် မကြာခဏ ဒဏ်ရာများရတတ်သူလည်းဖြစ်သည်။ ပရိသတ်များကမူ စလွယ်သိုင်းလက်နှင့် ပါးသိုင်းမွေးမသေမသပ်ကို မရိတ်မသင်ဘဲတက်ရောက်လာသော ခရိတ်ဂ်ျသည် James Bondဇာတ်ရုပ်ထက် Vaga-Bondတစ်ဦးအဖြစ် သရုပ်ဆောင်မည်ဆိုလျင် ပိုမိုအောင်မြင်ဖွယ်ရှိကြောင်း ဝေဖန်နေကြသည်။

Source: Dailymail

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.