Guest. It's 03:09 PM - Myanmar time. Register or Login | Download Myanmar Font 
  
ထိုင်းနိုင်ငံ၌ ဆန္ဒပြမှုများဖြစ်ပွား
Posted on Oct 07 08 - 04:43 PM | Hits : 973 | Save as PDF

ယနေ့(အောက်တိုဘာလ(၇)ရက်) ထိုင်းနိုင်ငံအတွင်း ဖြစ်ပွားသော ဆန္ဒပြမှုများအား ရဲတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ အသုံးပြုပြီး လူစုခွဲခဲ့ရသည်။ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်သစ် ဆွမ်ချိုင်းဝန်ချာဝတ်၏ ပါလီမန်လွှတ်တော်တွင် ဥပဒေပြုအမတ်များအား ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားရန် စီစဉ်ထားမှုအား တားဆီးနိုင်ရန်အတွက် ထောင်ဂဏန်းမျှရှိသော လူအုပ်ကြီးသည် ပါလီမန်ရှေ့တွင် စုရုံးပိတ်ဆို့ပြီး ဆန္ဒပြနေခဲ့သည်။ ထိုလူအုပ်ကြီးကို ရဲများက မျက်ရည်ယိုဗုံးများ အသုံးပြုပြီး နှိမ်နင်းခဲ့ရာမှ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများရော၊ ရဲများပါ ထိခိုက်ဒဏ်ရာရခဲ့သည်။ ထိုင်းဝန်ကြီးချုပ်သစ်သည် မူလသတ်မှတ်ထားချိန်ထက် တစ်နာရီခွဲမျှ နောက်ကျခဲ့သော်လည်း ၎င်း၏ပထမဆုံးနိုင်ငံရေးမိန့်ခွန်းကို ပြောကြားသွားနိုင်ခဲ့သည်။



ယခင်ဝန်ကြီးချုပ်ဟောင်း လက်ထက်က ဆန္ဒပြမှုများအပြီး သီတင်းခြောက်ပါတ်အကြာတွင် ယခုကဲ့သို့ နောက်တစ်ကြိမ်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ မနက်ပိုင်းကတည်းက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအတွင်း လူအများအပြား ထိခိုက်ခဲ့ပြီး ဆန္ဒပြသူတစ်ဦးဆိုလျင် ဒူးဆစ်ကွဲအက်သွားပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။ ဆန္ဒပြသူများက ယခုလက်ရှိအစိုးရသစ်သည် ရွေးကောက်ပွဲရလာဒ်အပေါ် မတရားလွှမ်းမိုးမှုများ ရှိနေခဲ့ကြောင်း စွပ်စွဲခဲ့ပြီး အင်္ဂါနေ့ ပါလီမန်မိန့်ခွန်းပြောပွဲတွင် ဆန္ဒပြသွားရန် ကြိုတင်ရည်ရွယ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မျက်ရည်ယိုဗုံးများမှလွဲပြီး မည်သည့်လက်နက်ကိုမျှ အသုံးမပြုဘဲ လူစုခွဲရန် ကြိုးပမ်းခဲ့သည်ဟုဆိုသည်။ ရဲများအနေနှင့် ဓာတ်ငွေ့ကာ မျက်နှာဖုံးများကို စွပ်ထားပြီး လူကြားထဲသို့ အဓိကရုဏ်းနှိမ်နင်းရေး ဒိုင်းများကိုအသုံးပြုပြီး အတင်းတိုးဝင်ခဲ့ကြသည်ဟု ၎င်းကပြောဆိုသွားသည်။



အီရာဝမ်ဆေးရုံမှ ဆရာဝန်တစ်ဦးက (၆၅)ဦးဒဏ်ရာရကြောင်း၊ (၇)ဦးမှာဒဏ်ရာပြင်းထန်ပြီး ၄င်းတို့အနက်မှ တစ်ဦးမှာမူ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း အတည်ပြုပြောကြားသွားသည်။ ဆန္ဒပြသူများက ထိုင်းနိုင်ငံမှ ၀ရမ်းထုတ်ထားသော ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်သည် လက်ရှိဝန်ကြီးချုပ်အား ရုပ်သေးရုပ်တစ်ခုနှယ် ကြိုးကိုင် ချယ်လှယ်နေဆဲဖြစ်ကြောင်း စွပ်စွဲနေကြသည်။ ၀န်ကြီးချုပ်ဆွမ်ချိုင်းသည် သက်ဆင်၏ ယောက်ဖလည်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် အစိုးရအား စုရုံးဆန္ဒပြမှုများ မကြာခဏ ပေါ်ပေါက်လေ့ရှိပြီး ယခင်ဝန်ကြီးချုပ် ဆမက်ခ် ဆန်ဒရာဗက်ဂ်ျ လက်ထက်ကလည်း အစိုးရဆန္ဒပြပွဲများမှ အဓိကရုဏ်းများအသွင် ကူးပြောင်းသွားသောကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ရသေးသည်။

Source: Yahoo

Page: 1
ပြမှာပေါ့
ထိုင်း အစိုးရက မကောင်းတော့ ထိုင်းပြည်သူတွေက ဘယ်ကြိုက်မလဲလေ....
commented by : Sahara | posted date : 09/10/2008

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.