မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာပြပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၃၁)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြပွဲကို တပ်မတော်ခန်းမတွင် နိုဝင်ဘာလ (၂)ရက်နေ့ထိ ခင်းကျင်းပြသသွားမည်ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေအပါအ၀င် အစိုးရအဖွဲ့မှ အရာရှိများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကွန်ပျူတာအသင်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအစီအစဉ်များအပြီးတွင် ဧည့်သည်တော်များသည် ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါပြပွဲသို့ ကုမ္ပဏီပေါင်း (၆၀)ခန့်မှ ပါဝင်ပြသကြပြီး ပြခန်းပေါင်း (၁၅၀)ကျော်မျှ ခင်းကျင်းပြသထားကြောင်း သိရှိရသည်။ အထူးသဖြင့် အီလက်ထရောနစ်နှင့် မိုဘိုင်းလ်ဖုန်းဆိုင်ရာ နည်းပညာ အသစ်အဆန်းများကို မိတ်ဆက်ပြသထားကြပြီး Hardwareရော Softwareပါ အမျိုးအစား စုံစုံလင်လင် ပြသထားသည်ဟု ဆိုသည်။ သို့သော်လည်း Softwareပိုင်းပြသမှုမှာ Hardwareပိုင်းထက် အရေအတွက်ထက် နည်းပါးကြောင်း လာရောက် ကြည့်ရှုသူများက မှတ်ချက်ပြုခဲ့ကြသည်။ အထူးသဖြင့် Laptopများ ပိုမိုရောင်းချရပြီး Softwareအနေနှင့်မူ ကွန်ပျူတာ Softwareအနည်းငယ်နှင့် မိုဘိုင်းလ်Softwareအနည်းငယ်သာ ပြသထားသည်။ ပြပွဲရက်အတွင်း ကွန်ပျူတာဆက်စပ် ပစ္စည်းများ၊ အီလက်ထရောနစ်နှင့် မိုဘိုင်းလ်ဖုန်း အသုံးအဆောင်များကို ဈေးနှုန်းများ လျော့ချ၍ ရောင်းချပေးကြောင်း သိရသည်။
အိုင်စီတီပြပွဲတွင် ပြသထားသည့် ပြခန်းအချို့




Ref: InternetJournal
Photo: InternetJournal