Guest. It's 07:30 PM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
အိုဘားမားအစိုးရအဖွဲ့တွင် တတိယမြောက် အာဏာအရှိဆုံး ဟီလာရီကလင်တန်
Posted on Nov 18 08 - 04:34 PM | Hits : 799 | Save as PDF

တစ်ချိန်က ပြိုင်ဘက်များ ဖြစ်ခဲ့သော ဘာရတ်အိုဘားမားနှင့် ဟီလာရီ ကလင်တန်တို့သည် အစိုးရအဖွဲ့တွင် ပြန်လည်လက်တွဲလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ အိုဘားမား က ၎င်း ၏ ယခင် ပါတီတွင်း ပြိုင်ဘက်ဖြစ်သူ ဟီလာရီကလင်တန်အား အစိုးရအဖွဲ့ အတွင်းရေးမှူး ( အမေရိကန်နိုင်ငံ ၏ တတိယမြောက် အာဏာအရှိဆုံး) ရာထူးနေရာအတွက် ခန့်အပ်လိုက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် ၏ ဇနီး ဖြစ်သူဟီလာရီသည် အစိုးရအဖွဲ့အတွင်း အာဏာရှိသူတစ်ဦး ဖြစ်လာပြီဖြစ်ပြီး အိုဘားမားအတွက် အားအကိုးရဆုံး နိုင်ငံရေး လက်ရုံးတစ်ဆူ ဖြစ်လာဖွယ်ရှိသည်။ အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေး မူဝါဒများအပေါ် သြဇာ သက်ရောက်လာနိုင်ကြောင်း အမေရိကန်မှ နိုင်ငံရေး အကဲခတ်များကဆိုသည်။ ဟီလာရီ၏ ရုံးအဖွဲ့က ဟီလာရီအနေနှင့် အိုဘားမား၏ အစိုးရအဖွဲ့တွင် ပူးပေါင်းသွားရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။ ဒီမိုကရက်တစ်ပါတီအတွက် အမေရိကန်၏ ပထမဆုံး အမျိုးသမီး သမတဖြစ်လာနိုင်ရန် ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့သော်လည်း အသက်(၆၁)နှစ်ရှိ ဟီလာရီသည် အိမ်ဖြူတော်တွင် သြဇာအကြီးမားဆုံး အမျိုးသမီးတစ်ဦး ဖြစ်လာတော့မည် ဖြစ်သည်။ သတင်းများအရ အိုဘားမားသည် ရွေးကောက်ပွဲတွင် အနိုင်မရခင်ကတည်းက အဆိုပါ ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူး နေရာအတွက် ဟီလာရီကို ရည်မှန်းထားပြီးဖြစ်ကြောင်း သိရသည်။



(အိုဘားမားနှင့် ဟီလာရီကလင်တန်)

Source: Yahoo

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.