Guest. It's 08:01 AM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ဆော်ဒီရေနံတင်သင်္ဘောကြီးအား ဆိုမာလီယာပင်လယ်ဓါးပြများ ပြန်ပေးဆွဲ
Posted on Nov 19 08 - 08:48 AM | Hits : 500 | Save as PDF

ဆော်ဒီအာရေးဘီးယားပိုင် ရေနံတင်သင်္ဘောကြီးအား ဆိုမာလီယာ ပင်လယ်ဓားပြများက ပြန်ပေးဆွဲခဲ့ပြီးနောက် ဆိုမာလီရေကြောင်း လုံခြုံမှုသည် ကမ္ဘာ့ရေကြောင်း သွားလာရေးအား အကြီးအကျယ် ခြိမ်းခြောက်နေပြီဖြစ်ကြောင်း အမေရိကန် အမှတ်(၅) ရေတပ်မတော်က ပြောကြားလိုက်သည်။ နိုဝင်ဘာလ (၁၆)ရက်နေ့က ဆိုမာလီယာ ကမ်းခြေမှ ကီလိုမီတာ (၇၀၀)မျှ ကွာဝေးသော ပင်လယ်ပြင်တွင် ပြန်ပေးဆွဲခံလိုက်ရသော ဆော်ဒီအားရေးဘီယား အာရမ်ကို ကုမ္ပဏီပိုင် ရေနံတင်သင်္ဘောကြီးတွင် အမေရိကန် ဒေါ်လာ သန်း(၁၀၀)ကျော်မျှ တန်ဖိုးရှိသော ရေနံများ တင်ဆောင်လာကြောင်း သိရှိရသည်။ မွန်ဘာဆာ အရှေ့တောင်ပိုင်းတွင် ပြန်ပေးဆွဲခံရသော ထိုရေနံတင် သင်္ဘောကြီးမှာ ဆိုမာလီ ပင်လယ်ဓားပြများ အနုကြမ်းစီးခဲ့သော ရေယာဉ်များအနက် အကြီးဆုံးလည်းဖြစ်သည်။



(ပင်လယ်ဓားပြများ ပြန်ပေးဆွဲထားသည့် ဆော်ဒီရေနံတင်သင်္ဘောကြီး)

ဓားပြများသည် ထိုသင်္ဘောကြီးအား ဆိုမာလီတောင်ပိုင်း အိုင်းလ်အရပ်သို့ ဦးတည်ခုတ်မောင်းရန် ညွှန်ကြားခဲ့ဖွယ်ရှိကြောင်း အမေရိကန် ရေတပ်မတော်က သုံးသပ်ခဲ့သည်။ ဆော်ဒီကုမ္ပဏီပိုင်သော်လည်း လိုက်ဘေးရီးယား နိုင်ငံအလံ လွှင့်ထူထားသော အဆိုပါ ရေနံတင်သင်္ဘောကြီးတွင် သင်္ဘောသား (၂၅)ဦးပါရှိပြီး ဗြိတိန်လူမျိုး နှစ်ဦးပါဝင်ကြောင်း သိရှိရသည်။ အခြားသင်္ဘောသားများမှာ ခရိုအေးရှား၊ ဖိလစ်ပိုင်၊ ပိုလန်နှင့် ဆော်ဒီလူမျိုးများ ဖြစ်ကြပြီး သင်္ဘောသားများ၏ လုံခြုံရေးအခြေအနေကို အတိအကျ မသိရသေးပေ။ ယခုနှစ်အတွင်း ဆိုမာလီယာတွင် ပင်လယ်ဓားပြများ၏ တိုက်ခိုက်မှု (၉၂)ကြိမ် ဖြစ်ပွားခဲ့ပြီး သင်္ဘော(၃၆)စင်းမှာ အပိုင်စီးခံခဲ့ရသည်။ လက်ရှိအချိန်ထိ ပင်လယ်ဓားပြများ ဖမ်းဆီးထိန်းသိမ်းထားသော သင်္ဘော(၁၄)စင်း ရှိနေပြီး ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသော သင်္ဘောသား အရေအတွက်မှာ (၂၄၃)ဦးရှိကြောင်း သတင်းရရှိသည်။



(ပြန်ပေးဆွဲခံရသည့် နေရာပြမြေပုံ)

Source: SkyNews

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.