Guest. It's 10:48 AM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
အိုဘားမားဂိမ်း အင်တာနက်တွင် ကစားနိုင်
Posted on Nov 20 08 - 09:19 AM | Hits : 539 | Save as PDF

အမေရိကန်နိုင်ငံ၏ ပထမဆုံး လူမည်းသမ္မတဖြစ်လာသူ အိုဘားမားအား ဂုဏ်ပြုသောအားဖြင့် အမေရိကန် ကုမ္ပဏီင်္ Zen Softမှ ဂိမ်းပညာရှင် (၃)ဦးက ဂိမ်းတစ်ခုကို ရေးဆွဲထားကြောင်း သိရှိရသည်။ အမေရိကန်၏ (၄၄)ယောက်မြောက် သမ္မတဖြစ်လာသူ အိုဘားမား၏ ဂိမ်းကို Super Obama Worldဟု အမည်ပေးထားပြီး (၁၉၉၀)ပြည့်လွန်နှစ်များက အလွန်ရေပန်းစားခဲ့သည် Super Mario ညီအစ်ကိုများ ဂိမ်းကို အခြေခံပြီး ဖန်တီးထားခြင်း ဖြစ်သည်။ အိုဘားမား၏ ရွေးကောက်ပွဲမှစပြီး အနာဂါတ်ကာလတွင် အားပြိုင်လာရဖွယ်ရှိသော ပြိုင်ဘက်များကို အနိုင်ယူတိုက်ခိုက်ရန် missionများ ရေးဆွဲထားပြီး အိုဘားမားအနေနှင့် ဂိမ်းတစ်ခုလုံး အောင်မြင်စေရန် ရီပတ်ပလစ်ကင် ဒုတိယ သမ္မတလောင်း ဆာရာပါလင်း၊ ရုရှားစစ်သားများ၊ လောဘကြီးသော ရေနံကုမ္ပဏီများ အစရှိသည့် ပြိုင်ဘက်များကို ကျော်ဖြတ်အနိုင်ယူရမည် ဖြစ်သည်။



အဆိုပါဂိမ်းသည် အပျော်သဘောမျိုး ဖန်တီးထားခြင်းသာဖြစ်ကြောင်း ဂိမ်းဖန်တီးသူများက ပြောကြားခဲ့သော်လည်း အမေရိကန် ရွေးကောက်ပွဲများအတွင်း အလှကုန်ပစ္စည်းများ ၀ယ်ယူရန်အတွက် စတာလင်ပေါင် (၇၅၀၀၀)ဖိုးခန့် အသုံးပြုခဲ့သော ဆာရာပါလင်းကို နောက်ပြောင်ထားကြောင်း တွေ့ရသည်။ အိုဘားမားဂိမ်းသည် ကစားရန်လွယ်ကူပြီး keyboardမှ Arrow Keyလေးခုနှင့် Space Barတို့ကိုသာ အသုံးပြုရသည်။ အဆိုပါဂိမ်းကို www.superobamaworld.com တွင်ဝင်ရောက်ကစားနိုင်ပြီး ဂိမ်းကစားရန်အတွက် Adobe Flash Player Version 9.0နှင့်အထက် လိုအပ်ကြောင်း သိရသည်။

Source: DailyMail

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.