မကြာသေးမီကမှ Video Chattingလုပ်နိုင်သော Featureသစ်ကို ဖြည့်စွက်ပေးပြီးနောက် Gmailချစ်သူများ သဘောကျစေမည့် ၀န်ဆောင်မှုတစ်ခုကို Googleက ထပ်မံဖြည့်စွက်ပေးလိုက်ကြောင်း သိရှိရသည်။ သမားရိုးကျ Gmail Backgroundအစား Gmailအသုံးပြုသူအနေနှင့် စိတ်ကြိုက်ရွေးချယ်နိုင်မည့် အရောင်စုံ၊ ပုံသဏ္ဍစုံ Themeအသစ်များအား Googleက ထည့်ပေးလိုက်ကြောင်း သိရှိရသည်။ နိုဝင်ဘာလ (၂၀)ရက်နေ့မှ စတင် ခွင့်ပြုလိုက်သော အဆိုပါ Themeအသစ်များကို Gmail၏ Settingမှတဆင့် ၀င်ရောက်ပြီး ရွေးချယ်ပြောင်းလဲနိုင်သည်။ Backgroundအသစ်များအပေါ် Userများအနေနှင့် ကျေနပ်နှစ်သိမ့်မည်ဟု ယုံကြည်ကြောင်းလည်း Googleက ပြောကြားခဲ့သည်။ Themeအသစ်များကြောင့် Gmailသည် ပိုမိုလှပ Styleကျလာပြီး စွဲဆောင်မှု ပိုရှိလာမည်ဟုလည်း Googleက ဆိုသည်။ ထို့ပြင် အချို့သော Backgroundအသစ်များတွင် မူရင်း Gmail Logoကို ထည့်သွင်းမထားတော့ဟုလည်း ပြောကြားသွားသည်။ လက်ရှိအချိန်တွင် Gmailအတွက် Themeအရေအတွက် (၃၁)ခုအား ရွေးချယ်ရန် ခွင့်ပြုထားပြီး မကြာမီတွင် ယခုထက်ပိုမို ဖြည့်တင်းပေးသွားမည်ဟုလည်း သတင်းရရှိသည်။

Source: ProductReviews