Guest. It's 05:53 PM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
အင်တာတိုက်စစ်မှူးအား ဗီလာရီးယဲလ်နှင့် မန်စီးတီးတို့ အပြိုင်ကမ်းလှမ်း
Posted on Nov 20 08 - 03:44 PM | Hits : 413 | Save as PDF

အင်တာမီလန် တိုက်စစ်မှူးလေး မာရီယိုဘာလော့တယ်လီအား ရရှိရေးအတွက် စပိန်ကလပ် ဗီလာရီးယဲလ်နှင့် အင်္ဂလန်အသင်း မန်ချက်စတာစီးတီးတို့ အပြိုင်ကမ်းလှမ်းနေကြောင်း သိရှိရသည်။ ကမ္ဘာ့ အလားအလာအကောင်းဆုံး လူငယ်တိုက်စစ်မှူးလေးအတွက် ကလပ်အသင်းနှစ်သင်းလုံးက ကြီးမားသော ပြောင်းရွှေ့ကြေး ပမာဏများနှင့် ကမ်းလှမ်းထားသည်ဟု ဆိုသည်။ ဘာလော့တယ်လီသည် အသက်(၁၈)နှစ်အရွယ်သာ ရှိသေးသော်လည်း အင်တာမီလန် နည်းပြကြီး ဟိုဆေးမော်ရင်ဟိုက ပုံမှန်နေရာ မပေးသော်လည်း အသင်းတိုက်စစ်အတွက် ခြေစွမ်းပြ ဂိုးများသွင်းယူလျက်ရှိနေသည်။ အာဖရိကဖွား အီတလီ လူငယ်လက်ရွေးစင်လေးအတွက် ဗီလာရီးယဲလ်က ယူရို (၂၂.၅)သန်းဖြင့် ကမ်းလှမ်းထားသလို မန်ချက်စတာစီးတီးကလည်း ကနဦးယူရိုငွေ သန်း(၂၀)ဖြင့် ကမ်းလှမ်းထားသည်။ ဘာလော့တယ်လီကမူ ကမ်းလှမ်းမှုများကို စိတ်ဝင်တစား လေ့လာနေကြောင်း၊ ၎င်းအနေနှင့် ပုံမှန်နေရာ ရမည်ဆိုပါက အင်တာမီလန်တွင်သာ ဆက်နေလိုကြောင်း ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် အင်တာမီလန်အနေနှင့် တစုံတရာ ပြန်ကြားချက်မျိုး မပြုလုပ်သေးသော်လည်း အသင်းပရိသတ်များကမူ ဘာလော့တယ်လီအား အင်တာမီလန်တွင် ဆက်ရှိနေရန် လိုလားလျက်ရှိကြောင်း သိရှိရသည်။

Source: Goal

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.