Guest. It's 12:58 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
အကောင်းဆုံးမြန်မာဘလော့ဂ်များ အွန်လိုင်းမှ မဲပေးရွေးချယ်နိုင်
Posted on Dec 25 08 - 11:56 AM | Hits : 1759
အကောင်းဆုံးမြန်မာဘလော့ဂ်များ အွန်လိုင်းမှ မဲပေးရွေးချယ်နိုင်

မြန်မာ ဘလော့ဂ်ဂါများ အကြား ဘလော့ဂင်း အရည်အသွေး မြင့်မားစေရန်နှင့် မြန်မာ ဘလော့ဂ်လောက ပိုမိုဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲတရပ်ကို ၂၀၀၉ ခုနှစ် နှစ်သစ်ကူးအမှီ အင်တာနက်ပေါ်မှ တဆင့် အွန်လိုင်း မဲပေးစနစ်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲအား သတ္တမနည်းပညာရပ်ဝန်း (Technical 7) မှ ကမကထ ပြုခြင်း ဖြစ်ကာ၊ ယခုပြိုင်ပွဲ၏ ဝဘ်ဆိုဒ်ပြင်ဆင်မှု နှင့် အခြားလိုအပ်သည့် နည်းပညာများကို T-7 မှ ပံ့ပိုးပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

အွန်လိုင်းမှတဆင့် ဆန္ဒမဲပေးမှု ရလဒ်များ အရ ကဏ္ဍ အသီးသီး၌ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ အားလုံးကို MBAA 2008 ဂုဏ်ပြုမှတ်တမ်းတင်လွှာ တခုစီနှင့်၊ လက်ဆောင်ပစ္စည်းတခုစီအား ဆုလက်ခံ ရရှိသူ ဘလော့ဂ်ဂါ နေထိုင်ရာ မြို့၊ ရွာ၊ နိုင်ငံ အရောက် MBAA 2008 လက်ဆောင်များအား အခမဲ့ အရောက် ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း ၎င်းဝက်ဘ်ဆိုဒ်တွင် ရေးသားဖေါ်ပြထားသည်။

ယခုနှစ် ၂၀၀၈ ခုနှစ်အတွက် ချီးမြှင့်မည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများတွင်



  • အကောင်းဆုံး ဘလော့ဂ်ဆု ( ကဗျာ )

  • အကောင်းဆုံး ဘလော့ဂ်ဆု ( နည်းပညာ )

  • အကောင်းဆုံး ဘလော့ဂ်ဆု ( ပညာရေး )

  • အကောင်းဆုံး ဘလော့ဂ်ဆု ( ဘာသာရေး )

  • အကောင်းဆုံး ဘလော့ဂ်ဆု ( ရသ စာပေ )

  • အကောင်းဆုံး ဘလော့ဂ်ဆု ( သတင်း )

  • အကောင်းဆုံး ဘလော့ဂ်ဆု ( အစုအဖွဲ့ )

  • အကောင်းဆုံး ဘလော့ဂ်ဆု ( မြန်မာစာပေ )

  • အကောင်းဆုံး ဘလော့ဂ်ဆု ( နိုင်ငံရေး )

  • အကောင်းဆုံး ဘလော့ဂ်ဆု ( ပရဟိတ )


စသည်ဖြင့် သက်ဆိုင်ရာ ဘလော့ဂ် အမျိုးအစားများ အလိုက် ဆုပေါင်း ၁၀ ဆုအထိ ပါဝင်ပြီး အွန်လိုင်းမှ မဲပေးသူများ အနေဖြင့် ကဏ္ဍတခုစီ အလိုက် မိမိတို့ ကြိုက်နှစ်သက်ရာ ဘလော့ဂ်တခုစီကို မဲပေးခွင့်ရမည်ဟု MBAA 2008 ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ယခုကျင်းပပြုလုပ်သည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများ အတွက် မဲပေးရွေးချယ်မှုကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စတင်မည်ဖြစ်ပြီး မည်သူမဆို အွန်လိုင်းမှတဆင့် လွတ်လပ်စွာ ဝင်ရောက်မဲပေးနိုင်ကြမည် ဖြစ်သလို၊ ကဏ္ဍ အသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ စာရင်းကို ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ဖွင့်လှစ်ကြေညာမည်ဟု သိရသည်။ အလားတူ ဘလော့ဂ် အကယ်ဒမီဆုများ ရွေးချယ်ချီးမြှင့်မှု အစီအစဉ်များကို နှစ်စဉ်နှစ်တိုင်း ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး အသေးစိတ် သတင်း အချက်အလက်များနှင့် မဲပေးမှုအတွက် http://mmblogpress.com တွင် ဝင်ရောက် ကြည့်ရှုနိုင်သည်။

Source: MMBlogPress

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.