Guest. It's 12:58 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ဥရောပဘောလုံးသတင်းတိုများ
Posted on Jan 17 09 - 12:57 PM | Hits : 1245
ဥရောပဘောလုံးသတင်းတိုများ

မာနူချို

မန်ချက်စတာယူနိုက်တက်မှ အင်ဂိုလာလက်ရွေးစင်တိုက်စစ်မှူး မာနူချိုကို အင်္ဂလန်ပရီးမီးယားလိဂ် တန်းတက်အသင်း ဟူးလ်စီးတီးက အငှားခေါ်ယူခဲ့ကြောင်း သိရသည်။ မာနူချိုအား အငှားချခဲ့ခြင်းနှင့် ပတ်သတ်ပြီး မန်ချက်စတာနည်းပြကြီး ဖာဂူဆန်က မာနူချိုအနေနှင့် အရည်အသွေး ရှိပြီးဖြစ်သော်လည်း အင်္ဂလိပ် ကစားဟန်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်ရန် ပွဲများများကစားဖို့ လိုအပ်နေသောကြောင့်ဟု အကြောင်းပြခဲ့သည်။

ကာကာ

လာမည့်သီတင်းပါတ်အတွင်း အေစီမီလန်ကွင်းလယ်လူ ကာကာမှာ မန်ချက်စတာစီးတီးသို့ ရောက်ရှိတော့မည်ဟု မန်ချက်စတာ မြို့ခံအသင်းက ကြေငြာခဲ့သည်။ ဘရာဇီးလ်ကွင်းလယ်လူ၏ အပြောင်းအရွှေ့မှာ သတင်းအမျိုးမျိုးထွက်ပေါ်ခဲ့ပြီး အချို့သတင်းများက မန်ချက်စတာစီးတီးသည် ကာကာကို နွေရာသီ အပြောင်းအရွှေ့ကာလကျမှ ခေါ်ယူသွားမည်ဟု ဖော်ပြခဲ့ကြသည်။ သို့သော်လည်း ကာကာကိုယ်တိုင်ကမူ တစ်ပါတ်လုပ်ခ ပေါင်ငါးသိန်းထိ ပေးမည်ဟု ကမ်းလှမ်းထားသော မန်ချက်စတာစီးတီးသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။ သတင်းများအရ ကာကာအား ရောင်းချရန် စဉ်းစားခဲ့သော အေစီမီလန်၏ လုပ်ရပ်အတွက် မီလန်ပရိသတ်များက သပိတ်မှောက်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

ဆာဗီယိုလာ

ပို့စ်မောက်သ်အသင်းသည် စပိန်လာလီဂါချန်ပီယံ ရီးယဲလ်မက်ဒရစ်၏ တိုက်စစ်မှူး ဂျာဗီးယား ဆာဗီယိုလာကို ခေါ်ယူနိုင်ရန် ကြံစည်လျက်ရှိသည်။ ပို့စ်မောက်သ်ဘုတ်အဖွဲ့ကလည်း ထိုသတင်းကို ၀န်ခံခဲ့ပြီး လာဆနာဒီရာယာကို ရီးယဲလ်သို့ ရောင်းချထားခြင်းဖြင့် အသင်း(၂)သင်းကြား ဆက်ဆံရေး ကောင်းမွန်နေသောကြောင့် အသက်(၂၆)နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင်ဟောင်းကို ခေါ်ယူနိုင်ရန် မျှော်လင့်နေကြောင်း သိရှိရသည်။

မောင်တင်ဟို

အဲဗာတန်အသင်းသည် ပေါ်တူဂီ၏ အလားအလာအကောင်းဆုံး လူငယ်သွေးသစ် ကွင်းလယ်လူ ဂျာအို မော်တင်ဟိုအား အငှားခေါ်ယူနိုင်ရန် စတင်ကြိုးပမ်းလျက်ရှိသည်။ စပို့တင်းလစ္စဘွန်း အသင်းခေါင်းဆောင်သည် အသက်(၂၂)နှစ်သာ ရှိသေးသော်လည်း ပေါ်တူဂီလက်ရွေးစင် အသင်းတွင် ပါဝင်ခွင့်ရနေပြီး မန်ချက်စတာ ယူနိုက်တက်နည်းပြကြီး ဖာဂူဆန်ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ 

ဖာနန်ဒိုတောရက်စ်

လီဗာပူးလ်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က မန်ချက်စတာအသင်းထံမှ ပရီးမီးယားလိဂ် သရဖူကို အရယူသွားမည်ဟု ကြုံးဝါးလိုက်သည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် ရော်နယ်လ်ဒိုကို ရှုံးနိမ့်ခဲ့ပြီး မန်ချက်စတာစီးတီးသို့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဟောင်း ကာကာရောက်လာသည့်တိုင် အသင်းအင်အားတွင်မူ လီဗာပူးလ်သည် မန်ချက်စတာ မြို့ခံအသင်းများထက် သာလွန်သည်ဟု တောရက်စ်ကဆိုသည်။ စပိန်လက်ရွေးစင် တိုက်စစ်မှူးက ယခုရာသီတွင် ပြည်တွင်းပြိုင်ပွဲများ၌ မန်ချက်စတာ ယူနိုက်တက်သာ ကြီးစိုးထားသော အစဉ်အလာကို ရိုက်ချိုးရန် အသင့်ဖြစ်နေပြီဟု ပြောဆိုသွားသည်။

ဘယ်လာမီ

တော့တင်ဟမ်ဟော့စပါးအသင်းသည် ၀က်စ်ဟမ်းယူနိုက်တက် တိုက်စစ်မှူး ကရိတ်ဘယ်လာမီအား ပေါင်(၁၂)သန်းဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သိရသည်။ မန်ချက်စတာစီးတီးသည်လည်း ထို(၂၈)နှစ်အရွယ် ဝေလတိုက်စစ်မှူးကို ကမ်းလှမ်းခဲ့သေးသော်လည်း ဘယ်လာမီက ပုံမှန်ကစားခွင့် ရရှိနိုင်မည့် စပါးအသင်းကိုသာ စိတ်ဝင်စားလျက်ရှိကြောင်း ၀က်စ်ဟမ်းက ကြေငြာခဲ့သည်။

ပလာစီယို

မန်ချက်စတာယူနိုက်တက်နည်းပြကြီး ဖာဂူဆန်သည် ၀ီဂန်မှ တောင်ပံတိုက်စစ်မှူး ၀ီလ်ဆန်ပလာစီယိုကို ခေါ်ယူနိုင်ရန် တော့တင်ဟမ်နှင့်အပြိုင် ကြိုးပမ်းနေပြီဖြစ်သည်။ ဇန်န၀ါရီလ (၁၅)ရက်နေ့က ဖာဂူဆန်သည် အဆိုပါ ဟွန်းဒူးရပ်စ်လက်ရွေးစင်အတွက် ပေါင်(၁၄)သန်းပေးမည်ဟု ၀ီဂန်ထံသို့ ကမ်းလှမ်းလိုက်ပြီး တော့တင်ဟမ်နှင့် နီးစပ်နေသည့် ပလာစီယိုအား အိုးလ်ထရတ်ဖို့ဒ်သို့ ယခုသီတင်းပါတ်အတွင်း ခေါ်ယူနိုင်ရန် ပြင်ဆင်နေပြီဟု သတင်းများတွင် ဖော်ပြခဲ့သည်။ အာစင်နယ်အသင်းသည်လည်း ပလာစီယိုကို စိတ်ဝင်စားနေသော်လည်း ၎င်းအနေနှင့် မန်ချက်စတာယူနိုက်တက်နှင့် တော့တင်ဟမ် တသင်းသင်းသို့သာ ရောက်ရှိနိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

မာခူခူလာ

ဘော်လ်တန်အသင်းသည် ပေါ်တူဂီကလပ် ဘင်ဖီကာမှ တိုက်စစ်မှူး အာရီဇာ မာခူခူလာအား အငှားခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်သည်။ အသက် (၂၇)နှစ်ရှိ ကွန်ဂိုဇာတိ ပေါ်တူဂီလက်ရွေးစင် မာခူခူလာအား ၀က်စ်ဘရွန်ကလည်း ကမ်းလှမ်းခဲ့သေးသော်လည်း ကစားသမားက ပယ်ချခဲ့သဖြင့် ဘော်လ်တန်က ပိုမိုအားထည့် ကြိုးပမ်းလာပြီး ရာသီကုန်ထိ အငှားခေါ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် မာခူခူလာအား ပေါင်(၃.၅)သန်းဖြင့် အပြီးသတ် စာချုပ်သွားရန် ရည်ရွယ်ထားကြောင်းလည်း ဘော်လ်တန်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Source: Premierleague

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.