Guest. It's 05:47 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
Bijli ဆိုင်ကလုန်းမုန်တိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၀င်ရောက်တိုက်ခတ်
Posted on Apr 18 09 - 02:14 PM | Hits : 3728
Bijli ဆိုင်ကလုန်းမုန်တိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၀င်ရောက်တိုက်ခတ်

အစောပိုင်း သတင်းများအရ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်နေခဲ့သည့် ဘင်္ဂလားပင်လယ်အော်မှ ဆိုင်ကလုန်းမုန်တိုင်းBijliသည် လမ်းကြောင်းပြောင်းသွားပြီး သောကြာနေ့(ဧပြီ ၁၇) ညပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်၏ အရှေ့တောင်ဘက် (၁၉၁)ကီလိုမီတာအကွာ ကမ်းရိုးတန်းဒေသရှိ Cox’s Bazarမြို့သို့ ကုန်းတွင်းမုန်တိုင်းအဖြစ် စတင်ဝင်ရောက် တိုက်ခတ်ခဲ့ကြောင်း သိရသည်။ မုန်တိုင်းကြောင့် ကလေးငယ် ယောက်ျားလေးတစ်ဦး သစ်ပင်ပိကာ သေဆုံးပြီး ၎င်း၏အမဖြစ်သူမှာ ဒဏ်ရာရခဲ့သည်။ Cox’s Bazarမြို့တွင် နေအိမ်များပျက်စီးခြင်း၊ သစ်ပင်များလဲကျခြင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခြင်းတို့ ဖြစ်ခဲ့သည်။

cox's bazar

(Cox's Bazar ကမ်းခြေတစ်နေရာ)

မုန်တိုင်းဝင်ရောက်ရာ ကမ်းရိုးတန်းဒေသရှိ Cox’s Bazarမြို့နှင့် ဆိပ်ကမ်းမြို့ဖြစ်သည့် Chittagongမြို့တို့မှာ လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေးများ ပြတ်တောက်နေကြောင်း သိရသည်။ Chittagong မြို့ရှိ ဆိပ်ကမ်းနှင့် လေဆိပ်များကို ပိတ်ထားရပြီး လူထောင်ပေါင်းများစွားကို ရွှေ့ပြောင်းမှုများ ပြုလုပ်ကာ အရေးပေါ် ကူညီကယ်ဆယ်ရေး အစီအစဉ်များ အဆင့်သင့် ဆောင်ရွက်ထားသည်။ လူပေါင်း(၂)သိန်းကျော်ကို Cox’s Bazarနှင့် Chittagongမြို့များရှိ မုန်တိုင်းလွတ်ကင်းရာ နေရာများသို့ ပြောင်းရွှေ့ပြီးဖြစ်ကြောင်း သိရသည်။ Bijli ဆိုင်ကလုန်းမုန်တိုင်းသည် ကမ်းလွန်ပင်လယ်ပြင်ရှိ ကျွန်များကိုလည်း ဖြတ်သန်းတိုက်ခတ်သွားပြီး ငါးဖမ်းစက်လှေ အများအပြားမှာ ကမ်းခြေသို့ပြန်လာစဉ် လှိုင်းကြီးလေထန်မှုများနှင့် တွေ့ကြုံခဲ့ရကြောင်း သိရသည်။

cox's bazar and Myanmar

(Cox's Bazarမြို့တည်ရေပြ Googleမြေပုံ)

ယခုမုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဦးတည်တိုက်ခတ်တော့မည် မဟုတ်ပဲ ဘင်္ဂလားဒေရှ်နိုင်ငံတွင် တိုက်ခတ်ပြီးမှသာ မုန်တိုင်းအကြွင်းအကျန်များသည် စနေနေ့(ဧပြီ ၁၈) နံနက်အစောပိုင်းမှ စတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်စပ်နေသည့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းရိုးတန်းဒေသများသို့ ဖြတ်သန်းသွားမည်ဟု ခန့်မှန်းထားသည်။ Bijli ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ကျန်ပြည်နယ်နှင့် တိုင်းများတွင် မိုးထစ်ချုန်းမည့် အခြေအနေများ ဖြစ်ပေါ်နိုင်သည်။ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နှင့် သံတွဲမြို့အနီး ပင်လယ်ရေမျက်နှာပြင်မှာ (၆)ပေမှ (၈)ပေအထိ မြင့်တက်လာနိုင်ကြောင်း မိုးလေ၀သဌာနမှ ခန့်မှန်းထားသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံတ၀ှမ်းတွင် မိုးရွားသွန်းလျက်ရှိပြီး တစ်ခါတစ်ရံ လေတိုက်နှုန်း ပြင်းထန်ကြောင်း သိရသည်။

Ref: DMH, XinhuaNet, AFP

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.