Guest. It's 02:50 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
CDMA 450 ကတ်ဖုန်းအသုံးပြုသူများ အခက်အခဲရှိ
Posted on Jun 23 09 - 11:51 AM | Hits : 2049
CDMA 450 ကတ်ဖုန်းအသုံးပြုသူများ အခက်အခဲရှိ

တစ်ခါသုံး CDMA 450 ကတ်ဖုန်းအသုံးပြုသူများတွင် CDMA 450 အတွက် ဟန်းဆက်အခက်အခဲနှင့် ဘက်ထရီအတွက် အခက်အခဲများရှိနေကြောင်းသိရသည်။ ယခုအခါ CDMA 450 အတွက် တစ်ခါသုံးကတ်ဖုန်းများ ထွက်ရှိလာသည့်အတွက် CDMA အသုံးပြုသူရာခိုင်နှုန်းမှာ ယခင်ကထက် ပိုမိုတိုးတက်လာခဲ့သော်လည်း ဖုန်းဈေးကွက်အတွင်းတွင် CDMA 450 အတွက်ဟန်းဆက်များသည် GSM ဖုန်းများကဲ့သို့ များများစားစားမရှိသောကြောင့် အသုံးပြုသူများအနေဖြင့် ရွေးချယ်ဝယ်ယူနိုင်ရန် အခက်အခဲများရှိနေကြောင်းသိရသည်။

“အခုဆိုရင် CDMA ဈေးကွက်က အရင်ကထက်စာရင်နည်းနည်း တိုးတက်လာပါတယ်။ တစ်ခါသုံး CDMA ကတ်တွေလည်းထွက်လာတဲ့အတွက် CDMA အသုံးပြုတဲ့သူကလည်း အရင်ကထက်စာရင်များလာပါတယ်။ CDMA  ကတော့ နယ်ကလူတွေ အသုံးများတယ်။ ရန်ကုန်မှာကတော့ GSM သုံးနေကြတယ်လေ။ CDMA သုံးတဲ့လူတွေအတွက်ကတော့ ဟန်းဆက်က သိပ်များများစားစားရွေးစရာမရှိပါဘူး။ ပြီးတော့ဈေးကလည်း နည်းနည်းကြီးပါတယ်။ ကိုယ်ကြိုက်တဲ့ဟန်းဆက်ကို စိတ်ကြိုက်ရွေးဝယ်နိုင်ဖို့ အခက်အခဲရှိပါတယ်” ဟု လူကြီးမင်းမိုဘိုင်းဖုန်းအရောင်းဆိုင်မှ ကိုစည်သူကပြောပြသည်။

ထို့ပြင် CDMA 450 အတွက် ဟန်းဆက်များတွင် ဘက်ထရီအတွက်လည်း များစွာအခက်အခဲများရှိနေကြောင်း သိရသည်။ “CDMA 450“ အတွက်ဟန်းဆက်တွေမှာ ဘက်ထရီပိုင်းအတွက်မှာလည်း ပြဿနာတွေရှိနေပါတယ်။ အဲဒါကတော့ ဘက်ထရီအသုံးမခံတဲ့ ပြဿနာပါပဲ။ CDMA 450 ဟန်းဆက်မှာ ဘက်ထရီကအသုံးမခံဘဲ ခဏလေးနဲ့ကုန်ကုန်သွားတယ်။ အဲဒါက ဟန်းဆက်ရဲ့ဈေးနှုန်းနဲ့ ဘက်ထရီရဲ့ဈေးနှုန်းပေါ်မှာလည်းမူတည်တယ်။ ဈေး နှုန်းသက်သာတဲ့ CDMA ဟန်းဆက်တွေမှာ ဘက်ထရီကမကောင်းတတ်ပါဘူး။ တချို့ဖုန်းတွေမှာဆို ဘက်ထရီက နှစ်နာရီနဲ့သုံးနာရီကြားလောက်ပဲ အသုံးခံတာတွေ့ရတယ်။ တစ်ချို့ဈေးနှုန်းသင့်တင့်တဲ့ ဖုန်းတွေမှာဆိုရင်တော့ နေ့ဝက်လောက်ထိပဲအသုံးခံတာကို တွေ့ရပါတယ်။ GSM ဖုန်းရဲ့ဘက်ထရီတွေလို အသုံးမခံပါဘူး။ နည်းနည်းကောင်းတဲ့ ဟန်းဆက်တွေကျတော့လည်း ဈေးကကြီးနေတတ်တယ်” ဟု ကိုစည်သူမှထပ်မံပြောပြသည်။

ယင်းကဲ့သို့ ဈေးနှုန်းမြင့်မားမှု ဘက်ထရီအသုံးမခံမှုနှင့် ဟန်းဆက်များ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ရန် နည်းပါးမှုများကြောင့် CDMA 450 တစ်ခါသုံးကတ်ဖုန်းအသုံးပြုသူများအနေဖြင့် အခက်အခဲများရှိနေကြောင်းသိရသည်။

Written By - ကိုသက်

Credit - Internet Journal, Vol(10) issue(24)

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.