Guest. It's 04:58 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
Windows Mobile သုံးဖုန်းများ font ထည့်သွင်းမှု အခက်အခဲကြုံ
Posted on Jun 29 09 - 10:48 AM | Hits : 863
Windows Mobile သုံးဖုန်းများ font ထည့်သွင်းမှု အခက်အခဲကြုံ

မိုဘိုင်းဖုန်းများတွင် OS အများအပြားရှိရာ Windows Mobile ဖုန်းများအတွင်း Font များထည့်သွင်း၍အသုံးပြုရာ၌ အခက်အခဲအချို့ရှိနိုင်ကြောင်းသိရှိရသည်။ Symbian OS နှင့် Mac OS တို့တွင် အလွယ်တကူအသုံးပြုနိုင်ပြီး၊ Windows Mobile သုံးစွဲသူများအတွက် မြန်မာဘာသာဖောင့်ကဲ့သို့ ပြုလုပ်ထားသော အခြားဖောင့်များကို ထည့်သွင်းအသုံးပြုလိုသည့်အခါ မည်သည့်နေရာတွင် ထည့်သွင်းရမည်ကို မသိခြင်းနှင့် နည်းပညာ အခက်အခဲအချို့ကြောင့် ဖောင့်မပေါ်ခြင်း ပြဿနာများရှိကြောင်း သိရှိရသည်။ “ မိုဘိုင်းဖုန်းတွေမှာ Symbian OS, Mac OS နှင့် Windows Mobile OS တွေပါဝင်လာပါတယ်။ အရင်က Symbianလောက် အဆင့်လေးတွေနဲ့သွားတယ်။ နောက်ပိုင်းမှာ လုပ်ဆောင်ချက်တွေများလာတာကြောင့် OS  တွေပေါ်ပေါက်လာတယ်။ ဒါကြောင့် သူတို့ကိုလိုက်မီအောင် လုပ်ဆောင်ရာမှာ အတော့်ကို လိုက်မီဖို့လိုလာပါတယ်။ မိုဘိုင်းဖုန်းအချို့မှာ office applicationတွေ ပါဝင်လာတယ်။ ဒါကြောင့် သူတို့ကိုသုံးတဲ့အခါမှာ မြန်မာစာစနစ်တွေ၊ သူများတွေရေးထားတဲ့ ဖောင့်စနစ်တွေကို ဖတ်တဲ့အခါမှာ ကိုယ့်ရဲ့ဖုန်းထဲမှာ ဖောင့်မရှိရင် အခက်အခဲတွေ ရှိနိုင်ပါတယ်။ Symbian နဲ့ Mac အသုံးပြုသူတွေအတွက် အဆင်ပြေနိုင်ပေမယ့်၊ Windows Mobile အသုံးပြုသူတွေမှာ အခက်အခဲတွေ့နေတတ်ပါတယ်။ နောက် ဖုန်းကနေ အင်တာနက်သုံးမယ်ဆိုရင်တောင် ဖောင့်မပေါ်ခြင်းကြောင့် အသုံးပြုရအဆင်မပြေမှုတွေရှိနိုင်ပါတယ်။ Windows Mobile ဖုန်းရဲ့ C ထဲက၊ windowထဲက၊ fontထဲမှာ ဖောင့်တွေကို ထည့်သွင်းလိုက်မှ အဆင်ပြေသွားမှာပါ ” ဟု service သမားတစ်ဦးမှ ရှင်းပြသည်။ “ မိုဘိုင်းဖုန်းမှာ ဖောင့်အသစ်တွေကို office သုံးတဲ့သူတွေနဲ့ အင်တာနက်သုံးတဲ့သူတွေ အသုံးပြုကြတယ်။ နောက်ပိုင်းထွက်ရှိတဲ့ ဖုန်းတွေမှာ ဖောင့်အသစ်တွေကို အသုံးပြုမှုများလာတာကို တွေ့ရတယ်။ OS  သုံးလို့ရတဲ့ဖုန်းအားလုံးမှာ ဖောင့်ထည့်လို့ရပါတယ်။”ဟု မိုဘိုင်းဖုန်းသုံးဆွဲသူတစ်ဦးမှရှင်းပြသည်။


Credit - Internet Journal, Vol(10) issue(25)

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.