Guest. It's 04:38 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
အီရတ်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာလျက်ရှိ
Posted on Jul 02 09 - 11:14 AM | Hits : 913 | Save as PDF
အီရတ်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာလျက်ရှိ




အီရတ်နိုင်ငံရှိ မြို့ကြီးများမှ အမေရိကန် စစ်တပ်များ ပြန်လည်ဆုတ်ခွာလျက်ရှိပြီး အီရတ်အစိုးရအနေနှင့် ခက်ခဲသော ကာလများနှင့် တွေ့ကြုံရင်ဆိုင်ရနိုင်ကြောင်း အမေရိကန်အစိုးရက သတိပေးလိုက်သည်။ သမ္မတဘာရတ်အိုဘားမားက ဇွန်လ(၃၀)ရက်နေ့တွင် ပြောကြားခဲ့သော မိန့်ခွန်းအတွင်း အီရတ်ခေါင်းဆောင်များ အနေနှင့် နိုင်ငံရေးနှင့် လုံခြုံရေးကိစ္စတိုင်းအတွက် ခက်ခဲသော ရွေးချယ်မှုများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရမည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။ အီရတ်တွင် ထိုနေ့က အမေရိကန်တပ်များ ဆုတ်ခွာသွားမှုအတွက် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေစဉ် နိုင်ငံမြောက်ပိုင်း ကားရ်ကော့မြို့တွင် ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ လူ(၂၇)ဦးထက်မနည်း သေဆုံးခဲ့သည်။ လက်ရှိအချိန်တွင် အီရတ်အစိုးရက ဇွန်လ(၃၀)ရက်နေ့ကို အမျိုးသား လွတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ကာ အစိုးရရုံးပိတ်ရက်အဖြစ် ကြေညာထားသော်လည်း အမေရိကန်တပ်များ မရှိချိန်တွင် နိုင်ငံရေးအကြီးအကျယ် ဆိုးရွားလာနိုင်ကြောင်း အိုဘားမားက သုံးသပ်သွားခဲ့သည်။

US Army in Iraq

(အီရတ်နိုင်ငံမှ အမေရိကန်စစ်ယာဉ်တန်းတစ်ခု)

ပြီးခဲ့သော နှစ်ပါတ်အတွင်း ဗုံးခွဲမှုနှင့် ချုံခိုတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာသဖြင့် လူ(၂၅၀)ကျော် သေဆုံးခဲ့မှုကို အိုဘားမားက ထောက်ပြခဲ့ပြီး အမေရိကန်တို့၏ ကာလကြာရှည် စစ်ဆင်ရေးကြီး အဆုံးသတ်သွားချိန်တွင် လုံခြုံရေး အားနည်းချက်များ ကျယ်ပြန့်ကြီးမားလာပါက အလွန်ကြောက်စရာကောင်းသည့် အကြမ်းဖက်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးခဲ့သည်။ “တကယ်တော့ အီရတ်ရဲ့ အနာဂတ်ဟာ ပြည်သူတွေရဲ့ လက်ထဲမှာပဲ ရှိတာပါ”ဟု အမေရိကန် သမ္မတကြီးက ဆိုသည်။ “အမေရိကန်တွေ နိုင်ငံထဲက ထွက်ခွာလာတာကို ပြည်သူတွေ ကျေနပ်နေတာကို ကျွန်တော်တို့ နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဖန်တီးပေးခဲ့တာတွေကို သူတို့ကိုယ်တိုင် မဖျက်ဆီးဖို့တော့ လိုပါလိမ့်မယ်”ဟု အိုဘားမားက ပြောဆိုသွားသည်။ အီရတ်ရှိ မြို့ကြီးများမှ အမေရိကန်တပ်များ အားလုံးလိုလို အပြီးသတ် ဆုတ်ခွာမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သလို ဆုတ်ခွာနေစဉ် ကာလတလျှောက်လုံး အီရတ်စစ်တပ်နှင့် အမေရိကန်စစ်တပ်အတွင်း အမှတ်မထင် တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည်ဟု တပ်လှန့်ထားခဲ့သည်။ လက်ရှိအချိန်တွင် အီရတ်နိုင်ငံအတွင်း အမေရိကန် စစ်သည်ဦးရေ (၁၃၁၀၀၀)မျှသာ ကျန်တော့ပြီး စစ်သည်အားလုံး ဆုတ်ခွာမှုကို (၂၀၁၁)ခုနှစ်ကုန်တွင် အပြီးသတ်နိုင်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

Source: BBC

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.