Guest. It's 02:30 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
အလှအတွက်ဆို ပိုက်ဆံမနှမြောတတ်တဲ့ ချယ်ရီကိုးလ်
Posted on Jul 02 09 - 12:56 PM | Hits : 2741
အလှအတွက်ဆို ပိုက်ဆံမနှမြောတတ်တဲ့ ချယ်ရီကိုးလ်

ချယ်ရီကိုးလ်က သူမသည် ဆွဲဆောင်မှုရှိသော အလှအပကို ထိန်းသိမ်းရန်အတွက် ငွေကြေးကို နှမြောတွန့်တိုလေ့မရှိကြောင်း ပြောကြားလိုက်သည်။ အသက်(၂၅)နှစ်ရှိ ချယ်ရီသည် တစ်နှစ်လျင် စတာလင်ပေါင် တစ်သိန်းကျော်ဖိုးထိ အလှအပ ပြုပြင်ထိန်းသိမ်းရေး ကိစ္စများအတွက် ငွေကုန်ကြေးကျ ခံလေ့ရှိကြောင်း သိရသည်။ Girls Aloudအဖွဲ့မှ အဆိုတော် မိန်းမချောလေးသည် မကြာသေးမီကမှ ဗြိတိန်ထုတ် FHMမဂ္ဂဇင်းကြီး၏ ကမ္ဘာပေါ်တွင် ဆွဲဆောင်အား အကောင်းဆုံး မိန်းကလေးအဖြစ် ဖော်ပြခြင်းကို ခံထားရသူဖြစ်သည်။ သူမ၏ အလှအတွက် ထိုကဲ့သို့ အသိအမှတ်ပြု ခံရခြင်းများကို ချယ်ရီက ဂုဏ်ယူလေ့ရှိပြီး ထို့ကြောင့်လည်း အလှအပကို ထိန်းသိမ်းရန် ငွေကြေးတွန့်တိုလေ့ မရှိကြောင်း ပြောဆိုခဲ့သည်။

Cheryl Cole

(ချယ်ရီကိုးလ်ရဲ့အလှ)

ချယ်ရီ၏ မိတ်ဆွေတစ်ဦးက “ချယ်ရီဟာ ကျွန်မတွေ့ဖူးသမျှထဲမှာတော့ နေထိုင်စားသောက်တာကအစ စနစ်တကျ အရှိဆုံးသူပါပဲ။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ကြည့်ကောင်းအောင် အမြဲဂရုစိုက်တယ်။ အလှအပအတွက်ဆို ငွေကို ရေလိုသုံးဖို့ ဘယ်တော့မှလည်း ၀န်မလေးဘူး။ နေတာထိုင်တာလည်း အမြဲလန်းဆန်းပြီး Smartကျနေအောင် လေ့ကျင့်ထားတယ်။ သူဟာ လူကြည့်ခံရတဲ့ Celebrityတစ်ယောက်မို့ ဘယ်အချိန်ကြည့်ကြည့် လှနေဖို့လိုတဲ့အကြောင်း ချယ်ရီက ပြောဖူးပါတယ်”ဟု ပြောကြားသွားခဲ့သည်။ ချယ်ရီသည် ဖက်ရှင်အကြံပေး ပုဂ္ဂိုလ်တစ်ဦးကို ပေါင်(၃၀၀၀၀)ဖြင့် ခန့်အပ်ထားသလို ဆံပင်ကို လှပသပ်ရပ်နေစေရန် တစ်နှစ်လျင် ပေါင်(၉၀၀၀)မျှ အကုန်အကျ ခံလေ့ရှိသည်။ ထို့အပြင် ခန္ဓာကိုယ် အချိုးအစား ထိန်းသိမ်းရေး သီးသန့်အစားအသောက်များအတွက် ပေါင်(၁၂၀၀၀)ခန့် သုံးလေ့ရှိပြီး ကာယလေ့ကျင့်ခန်းများအတွက် ကုန်ကျငွေမှာ ပေါင်(၁၄၀၀၀)ခန့် ရှိသည်။ အရေပြားနှိပ်နယ် ဖြေလျှော့မှုများအတွက် ပေါင်(၅၀၀၀)ကို ရက်ရက်ရောရော သုံးစွဲလေ့ရှိပြီး ပေါင်(၃၆၀၀၀)ကို အဆီချစက်အတွက် ချယ်ရီက အသုံးပြုခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း ထိုမျှလောက် ငွေကြေးပမာဏသည် ကိုယ်တိုင်လည်း အလွန်ချမ်းသာပြီး ကမ္ဘာကျော် ဘောလုံးသမား အက်ရှ်လေကိုးလ်နှင့် လက်ထပ်ထားသည့် ချယ်ရီအတွက် ပြောပလောက်အောင် မရှိကြောင်း သတင်းများက ရေးသားဖော်ပြခဲ့သည်။

Source: MonstersAndCritics

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.