Guest. It's 05:21 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
စာပေစိစစ်ရေး ePSR စနစ် သြဂုတ်လတွင် စတင်အသုံးပြုမည်
Posted on Jul 02 09 - 01:24 PM | Hits : 881 | Save as PDF
စာပေစိစစ်ရေး ePSR စနစ် သြဂုတ်လတွင် စတင်အသုံးပြုမည်




စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ဂျာနယ်၊ မဂ္ဂဇင်းများ စိစစ်ခြင်းလုပ်ငန်းအား စာရွက်စာတမ်းဖြင့် စိစစ်နေရာမှ Electronic Press Scrutiny and Registration (ePSR)စနစ်ဖြင့် ပြောင်းလဲစစ်ဆေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ လာမည့်သြဂုတ်လမှစ၍ စာပေစိစစ်ရေးသို့ တင်ပြရာတွင် ယခင်ကကဲ့သို့ စာရွက်စာတမ်းမူကြမ်းဖြင့် တင်ပြရတော့မည်မဟုတ်ဘဲ စိစစ်ရေးတင်ပြမည့် စာမူများအား Portable document format (Pdf)ဖိုင်ပြုလုပ်၍ စီဒီဖြင့် စိစစ်ရေးသို့ တင်ပြရမည်ဖြစ်သည်။ အားကစားဂျာနယ်များ နောက်ပိုင်းတွင် သတင်းဂျာနယ်၊ တခြားဂျာနယ်များအား စာပေစိစစ်ရေး တင်ပြရာတွင်လည်း အထက်ပါပုံစံအတိုင်း Soft Copy(Pdf ဖိုင်) စီဒီဖြင့်သာ တင်ပြရမည်ဖြစ်သည်။

ePSR

“ ဒီပုံစံပြောင်းလိုက်တော့ စာပေစိစစ်ရေးလုပ်ငန်းတွေ ပိုမိုမြန်ဆန်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဂျာနယ်တစ်စောင်မှ အမှုဆောင်အယ်ဒီတာတစ်ဦး ကပြောသည်။ အဆိုပါစနစ်အတွက် အင်ဖိုရီသမ်မေ့ဇ်ကုမ္ပဏီမှ ပရိုဂရမ်ရေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ အမှုထမ်း၊ အရာထမ်းများ ရုံးတွင်းလေ့ကျင့်သင်ကြားခြင်းများ ပြုလုပ်လျက်ရှိပြီး ဇူလိုင်လအတွင်းတွင် ဂျာနယ်တချို့အား စမ်းသပ်ပြုလုပ်မည်ဖြစ်ကာ သြဂုတ်လ(၁)ရက်မှစ၍ တရားဝင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ “ ဒီစနစ်က အကုန်အကျသက်သာပါတယ်။ အချိန်ကုန်လည်း သက်သာပါတယ်။ အရင်ကဆို မိတ္တူကူးနေရတာက အချိန်တော်တော်ကုန်ပါတယ်” ဟု ဂျာနယ်ထုတ်ဝေသူတစ်ဦးက ပြောသည်။ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၏ ခွင့်ပြုချက်ဖြင့် အပတ်စဉ်ထုတ်ဂျာနယ်ပေါင်း ၁၈၀ကျော် ထုတ်ဝေလျက်ရှိကြောင်း သိရသည်။၏

Credit: သီဟ (7Day News Journal, Vol. 8, No. 16)

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.