Guest. It's 04:46 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
အရပ်ရှည်ချင်လှတဲ့ Harry Potter မင်းသား
Posted on Jul 03 09 - 08:50 AM | Hits : 2656 | Save as PDF
အရပ်ရှည်ချင်လှတဲ့ Harry Potter မင်းသား




Harry Potterမင်းသား ဒယ်နီရယ်လ် ရက်ကလစ်ဖ်က ၎င်းအနေနှင့် အရပ်ရှည်လိုစိတ် အလွန်ပြင်းပြနေမိကြောင်း ၀န်ခံလိုက်သည်။ ၎င်း၏အရပ်ကို ယခုလက်ရှိထက် လက်မအနည်းငယ်မျှ ပိုမိုမြင့်တက်လာစေလိုသည်ဟု ရက်ကလစ်ဖ်က ဆိုသည်။ ရက်ကလစ်ဖ်သည် အသက်(၁၉)နှစ် ရှိချိန်တွင် အရပ်အမြင့် (၅)ပေ (၅)လက်မသာ ရှိသဖြင့် စိတ်ပျက်နေကြောင်း ၎င်း၏ မိတ်ဆွေများကလည်း ပြောကြားခဲ့ကြသည်။ “ကျွန်တော့်စိတ်ထင် နောက်ထပ် ကျွန်တော့်အရပ် ထပ်ရှည်လာတော့မယ့်ပုံ မရပါဘူး။ စိတ်လည်း ညစ်ပါတယ်။ ကျွန်တော်က အရမ်းအရပ်ရှည်ချင်တာပါ။ ကျွန်တော့်အရပ်လောက်ပဲ ရှိတဲ့ သက်တူရွယ်တူ ယောက်ျားလေးတိုင်းလည်း ကျွန်တော့်လိုပဲ အရပ်ရှည်ချင်မယ် ထင်ပါတယ်”ဟု ရက်ကလစ်ဖ်က ပြောကြားခဲ့သည်။ တခါတရံတွင် ၎င်း၏အရပ် ရှိရင်းစွဲထက် ရှည်နေသည်ဟု ထင်ရအောင် ဖိနပ်အမြင့်များ စီးခဲ့ဖူးကြောင်းလည်း ရက်ကလစ်ဖ်က ၀န်ခံခဲ့သည်။ ၎င်းသည် (၂၀၀၁)ခုနှစ်က ပါဝင်သရုပ်ဆောင်ခဲ့သော Harry Potter & The Philosopher’s Stoneဇာတ်ကားကို ရိုက်ကူးစဉ်ကတည်းက အရပ်ပုနေသည်ဟု ခံစားမိခဲ့ကြောင်း၊ သို့သော်လည်း ထိုစဉ်က ကလေးမျှသာ ဖြစ်နေသဖြင့် စိတ်ထဲတွင် စွဲစွဲမြဲမြဲ မရှိခဲ့ကြောင်း ရက်ကလစ်ဖ်ကဆိုသည်။ “ခုတော့ အရပ်ရှည်ဖို့ အစားအသောက်ရော၊ လေ့ကျင့်ခန်းလုပ်တဲ့ ကိစ္စတွေပါ ဂရုစိုက်နေပါတယ်။ ကျွန်တော်က ငယ်ငယ်လေးနဲ့ နာမည်ကျော်တစ်ယောက် ဖြစ်လာခဲ့တဲ့အတွက် အဲဒီတုန်းက အရပ်ပုတဲ့ကိစ္စအပေါ် အရမ်းကြီး အာရုံမစိုက်ခဲ့မိဘူး။ နှစ်တွေကြာလာလေလေ၊ ကျွန်တော့်အရပ် ရှည်တဲ့နှုန်းက နည်းလေလေဆိုတာ သိလာတဲ့အခါကျတော့ စိတ်လည်းပျက်မိတယ်။ ကျွန်တော့်အသက်နဲ့ဆို အရပ်က (၅)ပေ (၈)လက်မလောက်တော့ ရှိသင့်တယ် ထင်ပါတယ်”ဟုလည်း ရက်ကလစ်ဖ်က စိတ်ပျက်လက်ပျက် ညည်းညူခဲ့သည်။

Source: Celebedge

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.